မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယ ဆွမ်းသပိတ်အလုံး (၅၀၀) လောင်းလှု

0
15

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယဆွမ်းသပိတ်အလုံး(၅၀၀) လောင်းလှူပွဲကို ယနေ့ အောက်တိုဘာလ (၂၅) ရက် ၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

“အရင် ကိုဗစ်ဖြစ်ကတည်းက ဘုရားကြီးပွဲမကျင်းပဘဲ အကျဉ်းချုံး ကျင်းပလာရာက အခုနှစ်မှာ သံဃာအပါး (၅၀၀) ပင့်ပြီး ဆွမ်းလောင်းနိုင်ခဲ့ပါတယ်။ ဆုတောင်းပြည့်ဘုရားဝန်းကျင် ဘုန်းတော်ကြီးကျောင်းနဲ့ မုံရွာမြို့ပေါ်ကျောင်းတွေက သံဃာအပါး (၅၀၀) ကို ဆွမ်းသပိတ်လောင်းလှုတာပါ”ဟု ဆုတောင်းပြည့်ဘုရား ဂေါပကတစ်ဦးကပြောသည်။

ဆုတောင်းပြည့်ဘုရားဝန်းကျင်မှ (၈) ကျောင်းမှသံဃာကုန်အပါအဝင် မုံရွာမြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၇၇) ကျောင်းမှ သံဃာအပါး (၅၀၀)ကို တိုက်သပိတ်၊သံသပိတ်အလုံး (၅၀၀) ကပ်လှူခဲ့ခြင်းဖြစ်သည်။

“အရင်နှစ်တွေက ဗုဒ္ဒပူဇနိယပွဲအထိမ်းအမှတ်အဖြစ်ဆွမ်းသပိတ်နဲ့ ဆွမ်းချိုင့်တွေကို ဘုရားကြီး ပတ်ဝန်းကျင် (၈) ကျောင်း၊ သြဝါဒဆရာတော်ကျောင်း (၁၂)ကျောင်းအပါအဝင် ကျောင်းတိုက် (၃၀) လောက်ကိုသွားရောက်ကပ်လှုခဲ့ကြတာပါ”ဟု ဂေါပကတစ်ဦးက ပြောသည်။

မုံရွာမြို့ရပ်ကွက်များမှ ဆွမ်းသပိတ်အလှူရှင်များ ဆွမ်းနှင့်ဆွမ်းဟင်းများ လှူဒါန်းနိုင်ရန်အတွက် ဆုတောင်းပြည့်ဘုရားကြီးဂေါပကအဖွဲ့မှ တိုက်သပိတ်နှင့် သံသပိတ်များအားအခမဲ့ပေးဝေပေးခဲ့ပြီး ဆွမ်းသပိတ်အလုံး (၅၀၀) လောင်းလှူရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဆွမ်းသပိတ်အလုံး (၁၀၀) ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here