UNIDO ၏ နိုင်ငံစုံ စက်မှုမူဝါဒဆိုင်ရာ ဖိုရမ်ပွဲ အခမ်းအနားများသို့ မြန်မာတက်ရောက်

0
15

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် (၂)ရက်ကြာ ကျင်းပခဲ့သော ကုလသမဂ္ဂစက်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း ၏ နိုင်ငံစုံ စက်မှု မူဝါဒဆိုင်ရာ ဖိုရမ်သို့ ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ဖိုရမ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖိုရမ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် အောက်တိုဘာ (၂၃) ရက်မှ အောက်တိုဘာ (၂၄) ရက်အထိ ကျင်းပခဲ့ရာ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းမှ တက်ရောက်ခဲ့သည်။

၎င်းဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၏ စက်မှုနှင့် သယံဇာတရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Bandar bin Ibrahim Alkhorayef၊ အထူးဧည့်သည်တော် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး မင်းသား HRH Mr. Abdulaziz Bin Salman၊ UNIDO ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller နှင့် ဂီနီနိုင်ငံဝန်ကြီးချုပ် H.E. Mr. Amadou Qury Bah တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲများနှင့် အဆင့်မြင့် စားပွဲဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ဖိုရမ်ကျင်းပသည့် ကာလအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဖိုရမ်ဖွင့်ပွဲ၊ ပိတ်ပွဲ၊ လက်မှတ်ရေးထိုးပွဲ အခမ်းအနားများ၊စားပွဲဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် UNIDO တို့က “Accelerating SDGs through Industry” ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ပြသသော ပြခန်းသို့ သွားရောက်လေ့လာခဲ့ပြီး အောက်တိုဘာ (၂၃) ရက် ညနေပိုင်းတွင် ကျင်းပသော Gala Dinner သို့လည်း အမြဲတမ်းကိုယ်စားလှယ်မှ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here