အင်ဒိုအစိုးရသစ် စစ်ယူနီဖောင်းများဝတ်ပြီးစခန်းချခရီးထွက်

0
19
This handout picture taken and released on October 25, 2024 by the official Media Partner of the Gerindra Party shows Indonesia's President Prabowo Subianto shaking hands with a cadet during a visit to the military academy in Magelang, Central Java. (Photo by Handout / Media Partner of Gerindra Party / AFP)

ဂျကာတာ၊အောက်တိုဘာ ၂၅

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီရန်တိုသည် ၎င်း၏အစိုးရအဖွဲ့သစ်ကို စစ်ယူနီဖောင်းများ နှင့်ရုပ်ဖျက်ပစ္စည်းများကိုဝတ်ဆင်ကာ တောတွင်း စခန်းချခရီးထွက်စေခဲ့ကြောင်းသိရသည်။

ဓါတ်ပုံများတွင် ဝန်ကြီးများနှင့်လက်ထောက်များသည် ဦးထုပ်များနှင့်စစ်ဝတ်စုံများဝတ်ဆင်ကာ အလယ်ပိုင်းဂျာဗားပြည်နယ်ရှိ စစ်သင်တန်းကျောင်း၏ စစ်ရေးပြအခမ်းအနားတွင် သမ္မတ၏ လမ်းညွှန်မိန့်ခွန်းကို နားထောင်နေကြသည်ကိုမြင်တွေ့ရသည်။

“ကျွန်တော်တို့အနေနဲ့ တူညီတဲ့ရည်မှန်းချက်ပန်းတိုင်အတွက် စည်းလုံးညီညွတ်ရမှာဖြစ်ပါတယ်၊အစိုးရအဖွဲ့ဆိုတာ တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်ရတာမျိုးမဟုတ်ဘဲ အားလုံးစုပေါင်းလုပ်ဆောင်ရတယ်ဆိုတာသိစေချင်လို့ တစ်စိတ်တစ်ဝမ်းတည်းစိတ်ဓာတ်ရှိစေချင်လို့ အခုလို‌တောတွင်းစခန်းချခရီးကိုစီစဉ်ခဲ့တာပါ” ဟု ပရာဘိုဝိုကဆိုသည်။

“အစိုးရအဖွဲ့ အလုပ်အားလုံးရဲ့ အဓိကအချက်က စည်းကမ်းလိုက်နာမှုနဲ့ အင်ဒိုနီးရှားနိုင်ငံအပေါ် သစ္စာစောင့်သိမှုပါပဲ” ဟုလည်း အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတပရာဘိုဝိုကပြောကြားခဲ့သည်။

မစ္စတာပရာဘိုဝိုသည် အင်ဒိုနီးရှား၏ သမ္မတအဖြစ်အောက်တိုဘာ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

Source : သည်ဂျကာတာပို့စ်

This handout picture taken and released on October 25, 2024 by the official Media Partner of the Gerindra Party shows Indonesia’s President Prabowo Subianto speaking during a visit to the military academy, where he is having a retreat with his cabinet ministers, in Magelang, Central Java. (Photo by Handout / Media Partner of Gerindra Party / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here