ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်

0
2

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်က ပြည်ထောင်စုဝန်ကြီးဦးခင်ရီမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကိုအပ်နှင်းခဲ့ကြောင်း သိရသည်။

ထိုသို့ အပ်နှင်းမှုအား ပြည်ထောင်စုအစိုးရအဖွဲ့မှ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က အမိန့်အ မှတ် ၃၅/၂၀၂၄ ဖြင့် အမိန့်ထုတ်ပြန်နိုင်ခွင့်အပ် နှင်းခြင်း အနေဖြင့်အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here