<<<< Breaking News >>>>

0
34

စစ်ဆင်ရေး လှိုင်း ၃ ခုဖြင့် အစ္စရေးက အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုစတင်

အစ္စရေးစစ်တပ်သည် အီရန်ရှိ ပစ်မှတ်များကိုစစ်ဆင်ရေး လှိုင်း ၃ ခုဖြင့် တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း Axios မီဒီယာ၏ နိုင်ငံရေးသတင်းထောက် Barak Ravid က သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြားခဲ့သည်။

“တိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လဲ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေက ဆိုပါတယ်။ ပထမလှိုင်းက အီရန်လေကြောင်း ကာကွယ်ရေးစနစ်ကို အာရုံစိုက်ပြီး ဒုတိယနဲ့ တတိယလှိုင်းတွေက ဒုံးကျည်နဲ့ ဒရုန်းအခြေစိုက်စခန်းတွေနဲ့ ထုတ်လုပ်ရေးနေရာတွေကို အာရုံစိုက်ထားပါတယ်” ဟု သတင်းတွင် ရေးသားထားသည်။

အောက်တိုဘာ ၉ ရက်က ဘိုင်ဒင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း နေတန်ယာဟုက အီရန်တွင် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟု၏ ဤအကြံအစည်သည် အမေရိကန်အတွက် စိတ်သက်သာရာရကြောင်း သိရသည်။ အီရန်ရှိ ရေနံစက်ရုံများကို အစ္စရေးက တိုက်ခိုက်ပါက စွမ်းအင်ဈေးနှုန်းများ သိသိသာသာ တက်လာနိုင်ကြောင်းနှင့်အတူ အီရန်နျူကလီးယားစက်ရုံများကို အစ္စရေးက တိုက်ခိုက်လျှင်လည်း စစ်ပွဲအရှိန် “နောက်ထပ် တိုးမြင့်လာ” စေနိုင်ပြီး လက်ရှိဖြစ်ပျက်နေသော ဖြစ်ရပ်များတွင် အမေရိကန်သည် အတိုင်းအတာတစ်ခုအထိ မပါမဖြစ် ပါဝင်လာရ‌တော့မည့် အန္တရာယ်ကို တိုးမြင့်စေနိုင်ကြောင်းတို့ကို ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားထားသည်။

အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို အစ္စရေးအနေဖြင့် တိုက်ခိုက်ရန်မသင့်ဟု ဘိုင်ဒန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့‌သေးသည်။

သတင်းရင်းမြစ်များ၏ အဆိုအရနိုဝင်ဘာ ၅ ရက်တွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ အစ္စရေးက အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် မျှော်လင့်ထားကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here