AFC Challenge League 2024 ပြိုင်ပွဲ မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စုပတ်လည် ယှဉ်ပြိုင်ကစားမည်

0
14

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှဘောလုံးအဖွဲ့ချုပ် ကလပ်အသင်းများပြိုင်ပွဲ( AFC Challenge League 2024 )ကို မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်ကို အောက်တိုဘာ (၂၇) ရက်မှ နိုဝင်ဘာ(၂) ရက်အထိ (၆)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြည်တွင်း ချန်ပီယံအသင်း(၁)သင်းဖြစ်သည့် ရှမ်းယူ
နိုက်တက်အသင်းက ဝင်ရောက်ကစားသွားမည်ဖြစ်သည်။

မနက်ဖြန် အောက်တိုဘာ (၂၇)ရက် ညနေ (၄)နာရီအချိန်တွင် (၃)သင်းအုပ်စုပတ်လည် အဖွင့်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအို (Young Elephants )အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

” ရှမ်းယူနိုက်တက် အသင်းဟာ မိခင်မြန်မာနိုင်ငံ ကိုယ်စားပြု ကစားရတာ ဖြစ်လို့ ပွဲတိုင်းကို အနိုင်ကစားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ပစ်မှတ်ထား လေ့ကျင့်လျက် ရှိပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကြိုးပမ်းမှုမှာ ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းကို အရေးပါနေပြီး၊ ပရိသတ်များလေ ကစားရတာ အားရှိလေပါပဲ။ရှမ်းယူနိုက်တက် အသင်းကို အကောင်းဆုံး ဖြစ်အောင်တည်ဆောက်ထားပြီး ပရိသတ်တွေ ဂုဏ်ယူရတဲ့ အသင်းဖြစ်အောင် ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ပထမဆုံး အဖွင့်ပွဲကနေစပြီး သုဝဏ္ဏကွင်းထဲအရောက်လာအားပေးကြဖို့ ဖိ တ်ခေါ်ပါတယ်ခင်ဗျာ” ဟု ရှမ်းယူနိုက်အသင်းက ပရိတ်သတ်ထံ အသိပေးစကား ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here