ဖိလစ်ပိုင်ကယ်ဆယ်ရေးသမားများ ရုန်းကန်နေရ

0
21
In this handout photo from the Philippine Coast Guard (PCG) taken and received on October 24, 2024, rescuers on a rubber boat conduct a rescue operations in a flooded area in Nabua, Camarines Sur, due to Tropical Storm Trami. (Photo by Handout / Philippine Coast Guard (PCG) / AFP)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ ကယ်ဆယ်ရေးသမားများသည် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ရေဘေးကြုံခဲ့ရသော လက်လှမ်းမမီသည့် သွားလာရန်ခက်ခဲသောနေရာများသို့ ရောက်ရှိရန် စနေနေ့တွင် အချိန်လုကြိုးစားနေကြကြောင်း သိရသည်။ ယင်းဒေသတွင် ရေကြီးရေလျှံမှုများကြောင့် လူ ငါးသိန်းနီးပါး ရေဘေးရှောင်ခဲ့ရကာ ‌ေ-သဆုံးသူ ၈၇ ဦးအထိ ရှိလာပြီဖြစ်သည်။

သဘာဝဘေး ကို ဆိုးဝါးစွာ ကြုံခဲ့ရသော Bicol ဒေသတွင် အိမ်ခေါင်မိုးများပေါ်နှင့် နေအိမ်အပေါ်ထပ်များတွင် သောင်တင်နေခဲ့သော ဒေသခံများသည် အလွန်အမင်းလိုအပ်နေသော အကူအညီအတွက် စောင့်စားနေကြရဆဲ ဖြစ်သည်ဟု တာဝန်ရှိသူများက အေအက်ဖ်ပီကို ပြောသည်။

“ရေကြီးရေလျှံမှုတွေက လျော့ကျသွားခြင်း မရှိသေးသလို အကူအညီတောင်းတဲ့ ဖုန်းခေါ်မှုတွေလည်း တရစပ်ဝင်နေဆဲပါ” ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး အန်ဒရေ ဒီဇွန်က ပြောဆိုသည်။

“အစာရေစာငတ်မွတ်မှုက ပြဿနာတစ်ရပ်ဖြစ်လာနိုင်တာကြောင့် သူတို့ကို အမြန်ဆုံး ကယ်ဖို့ လိုပါတယ်။ ကလေ-းတွေ ဖျားနာနေတယ်ဆိုတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားသိရပါတယ်” ဟု သူက ဆိုခဲ့သည်။

ထို့အပြင် ဒေသတွင်းရှိ Camarines Sur ပြည်နယ်၏ အချို့ ဧရိယာများသည် လုံးဝရေနစ်မြုပ်နေပြီး လက်လှမ်းမီရန် ခက်ခဲသောကြောင့် အစားအစာနှင့် သောက်သုံးရေ ရရှိရန် ပိုမိုခက်ခဲလာသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် အောက်တိုဘာ ၂၆ ရက်တွင် အဆိုပါဒေသသို့ သွားရောက်စစ်ဆေးခဲ့ပြီးနောက် ပြည်နယ်တာဝန်ရှိသူများနှင့် တွေ့ဆုံ အစည်းအဝေးလုပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ထရာမီကြောင့် ‌ေ-သဆုံးဦးရေတိုးလာမှုသည် ဆက်လက်မြင့်တက်ခဲ့ပြီး Bicol နှင့် မနီလာတောင်ပိုင်း Batangas ပြည်နယ်တို့တွင် ‌ေ-သဆုံးဦးရေ အများဆုံးဖြစ်နေသည်။

Bicol တွင် လူ ၃၁ ဦး ‌ေ-သဆုံးခဲ့ရာတွင် အများစုသည် ရေနစ်‌ေ-သဆုံးခဲ့ရခြင်းဟု ရဲမှတ်တမ်းတွင် ဖော်ပြခဲ့သည်။ Batangas တွင် ‌ေ-သဆုံးသူ အရေအတွက်သည် ၅၁ ဦးတွင်ပင် ရှိနေခဲ့ပြီး ၂၂ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ပြည်နယ်ရဲချုပ် ဂျာဆင်တို မာလင်နာအိုက အောက်တိုဘာ ၂၆ ရက်တွင် အေအက်ဖ်ပီ ကို ပြောဆိုသည်။

အခြားပြည်နယ်များတွင် ငါးဦး ထပ်မံ‌ေ-သဆုံးခဲ့သောကြောင့် စုစုပေါင်း ‌ေ-သဆုံးဦးရေသည် ၈၇ ဦး ရှိလာခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် သဘာဝဘေးအေဂျင်စီ သတင်းရင်းမြစ်များကို အခြေခံ၍ အေအက်ဖ်ပီ က စာရင်းပြု ဖော်ပြခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here