ထိုင်ဝမ်ကို လက်နက်ထောက်ပံ့မှုရပ်တန့်ဖို့ အမေရိကကို တရုတ်တိုက်တွန်း

0
25

ပေကျင်း၊အောက်တိုဘာ ၂၆

အမေရိကအနေဖြင့် ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေမှုများကိုရပ်တန့်ရန်နှင့် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်းရေးကိုထိပါးနိုင်သည့် အန္တရာယ်များသောလုပ်ရပ်မျိုးထပ်မလုပ်ရန် တရုတ်ကအမေရိကကို တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အမေရိက၏ အဆင့်မြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်နှင့်ရေဒါစနစ်များအပါအဝင် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၈၈ ဘီလျံတန်ဖိုးရှိလက်နက်များ ရောင်းချရန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ခြင်းကို ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ အမေရိက၏ လက်နက်ရောင်းချပေးမှုသည် တရုတ်တစ်ပြည်တည်းမူဝါဒနှင့် အမေရိကနှင့်တရုတ်ကြားရှိ ပူးတွဲကြေငြာချက်သုံးခုကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

လက်နက်ရောင်းချမှုသည် တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကိုထိပါးစေပြီး တရုတ် – အမေရိကန် ဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးတို့ကိုထိခိုက်စေကာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးကိုထိပါးစေပြီး ထိုင်ဝမ်ခွဲထွက်ရေးသမားများအတွက် အယူအဆမှားများဖြစ်စေသည်ဟုလည်းဆိုခဲ့သည်။

ထို့အပြင် တရုတ်အနေဖြင့်လည်း မိမိ၏အချုပ်အခြာအာဏာနှင့်အကျိုးစီးပွားကိုကာကွယ်ရန် ပြတ်ပြတ်သားသားတုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ် လောင်းအတည်ပြုပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here