ဆန်စပါးအသင်းများပူးပေါင်း၍ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်အလှူပွဲကျင်းပမည်

0
13

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသော နေပြည် တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆန်စပါးအသင်းများပူးပေါင်း၍ ကထိန်အလှူပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူပွဲအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံဆန်စပါးမိသားစုများနှင့်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှ အသင်းသူ/အသင်းသားများက စုပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု စုပေါင်းမဟာဘုံကထိန်အလှူပွဲသည် အကြိမ်(၂၀)မြောက်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၅ ရက်တွင် တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပရန် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ငွေကျပ်သိန်း(၅၀)မတည်လှူဒါန်းထားပြီးဖြစ်၍ အသင်းသူ/အသင်းသားများအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here