ကလောမြို့တွင် (၁၉)ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့်မီးကြာစံထွန်းညှိပူဇော်ပွဲကျင်းပမည်

0
13

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် (၁၉)ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့်မီးကြာစံထွန်းညှိပူဇော်ပွဲတော်အား လာမည့် နိုဝင်ဘာ ၁၆ ရက်မှစတင်၍ (၃)ရက်ကြာကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို ကလောမြို့ရှိ ကလောမြို့ပန်းခြံတွင် နိုဝင်ဘာ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး အဖွဲ့ပေါင်း(၁၅)ဖွဲ့မှ နေ့ရက်အလိုက်အလှည့်ကျ ထွန်းညှိပူဇော်မှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက်တွင် Kalaw Net ၊ မြက်ရဲအင်း၊ ပဲရင်းတောင်၊ မီးနဂါး၊ Fire Baby ၊ နိုဝင်ဘာ ၁၇ ရက်တွင် မီးဝိဇ္ဇာ၊ မှော်ဝင်၊ ရွှေမြန်မာ၊ ရှမ်းပျော်၊ သာယာကုန်း၊ နိုဝင်ဘာ ၁၈ ရက်တွင် ဘုံစု(ခ)ယံကြွား၊ အင်းပြင်၊ စခန်းသာလူငယ်၊ ရွှေဥမှင်၊ Phoenix တို့ကထွန်းညှိပူဇော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here