ရုရှားနိုင်ငံထဲအထိထိုးစစ်ဆင်ဖို့ ယူကရိန်းကိုအနောက်အုပ်စုကူညီပါကတုန့်ပြန်မည်–ပူတင်

0
15
Russian President Vladimir Putin enters a hall for meeting with Mauritania's president on the sidelines of the BRICS summit in Kazan on October 24, 2024. (Photo by Maxim SHIPENKOV / POOL / AFP)

မော်စကို၊အောက်တိုဘာ ၂၇

အနောက်အုပ်စုနှင့်နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းကိုရုရှားပိုင်နက်ထဲ အထိထိုးစစ်ဆင်ရန် တာဝေးပစ်ဒုံးကျည်အပါအဝင် အခြားနည်းလမ်းများဖြင့် ကူညီပါက လက်တုန့်ပြန်ရန် ရုရှားကာကွယ်ရေးတပ်များ ပြင်ဆင်နေသည်ဟု သမ္မတပူတင်ကပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းအကြားစစ်ပွဲသည် ရုရှားနှင့်အနောက်အုပ်စုအကြား စစ်အေးခေတ်နောက်ပိုင်း၌ အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကာ စစ်ပွဲသည် ယခုအခါ အန္တရာယ်အရှိဆုံးအနေအထားကိုရောက်နေပြီဟု ရုရှားအရာရှိများကဆိုသည်။

အနောက်အုပ်စုအနေဖြင့် ယူကရိန်းခံစစ်အတွက်မဟုတ်ဘဲ ထိုးစစ်အတွက်ပံ့ပိုးခြင်းသည် စစ်ပွဲကို အကြီးမားဆုံး အရှိန်မြှင့်လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း အမေရိကနှင့်မဟာမိတ်များကို သတိပေးနေခဲ့သည်။

ထိုးစစ်အတွက် လက်နက်ထောက်ပံ့ခြင်းသည် စစ်ပွဲ၌ အမေရိက၊နေတိုးနှင့်ဥရောပသမဂ္ဂတို့ ၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုအဖြစ်ယူဆကာ တုန့်ပြန်သွားမည်ဖြစ်ပြီး မည်သို့တုန့်ပြန်မည်ကိုပြောရန် စောသေးသည်ဟုလည်းပူတင်ကပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here