မီဂါစီးတီး စီမံကိန်းတွင် ပါဝင်သည့် အပန်းဖြေကျွန်း ဆော်ဒီ ဖွင့်လှစ်

0
14

Neom ဟု လူသိများသော အနာဂတ် မြို့တော်သစ်ကြီး စီမံကိန်းအတွက် စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ရွက်လှေဆိုက်ကပ်နေရာများ ပါဝင်သော ပင်လယ်နီ ဇိမ်ခံကျွန်းကို ဖွင့်လှစ်လိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ဆော်ဒီအာရေဗျက ကြေညာခဲ့သည်။

Neom စီမံကိန်း အထမြောက်အောင်မြင်နိုင်ခြေကို သံသယရှိ‌နေကြ‌သော်လည်းအောက်တိုဘာ ၂၉ ရက်တွင် ကျင်းပမည့် “သဲကန္တာရ၏ ဒါးဗိုစ်” ဟု တစ်ခါတစ်ရံ ရည်ညွှန်းကြလေ့ရှိသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အရေးပါသော ဖိုရမ်တစ်ခု မတိုင်မီတွင် Sindalah ဟု သိကြသော ကျွန်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ Sindalah ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် Neom သည် နိုင်ငံတော်၏ ဇိမ်ခံခရီးသွားလုပ်ငန်းခေတ်သစ်ကို ပံ့ပိုးကူညီရန် ကတိပြုပါသည်” ဟု အမှုဆောင်အရာရှိချုပ် နာဒါမီ အယ်လ်နာဆာက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Neom ၏ ပဏာမခြေလှမ်းသည် အနာဂတ်တွင် မိမိတို့၏ ကျယ်ပြန့်သော ဦးတည်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အရပ်ရပ်အတွက် ဧည့်သည်များကို အမြည်းပေးခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

Sindalah သည် စတုရန်းမီတာ ၈၄၀,၀၀၀ ကျယ်ဝန်းပြီး ၂၀၂၈ ခုနှစ်တွင် တစ်ရက်လျှင် ဧည့်သည် ၂,၄၀၀ အထိ လက်ခံရန် စီစဉ်ထားရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Neom သည် ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းသို့ ပေါက်ရောက်သည့် အလျား ၁၇၀ ကီလိုမီတာအထိရှိသော မိုးမျှော်တိုက်တန်းကြီး The Line အတွက် အသိများကြသည်။

၂၀၂၂ ခုနှစ်တွင် The Line တည်ဆောက်ရေးစီမံကိန်းအကြောင်း ကို ထုတ်ဖော်ကြေညာရာတွင် နိုင်ငံ၏ လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်သန်းကျော်လာမည်ဖြစ်ကာ ၂၀၄၅ ခုနှစ်တွင် ကိုးသန်းအထိ မြင့်တက်လာမည်ဟု ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်မန်က ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here