ထိုင်းနိုင်ငံတွင် မြန်မာလူမျိုးချင်းသ-တ်ဖြ-တ်၍ လက်ဝတ်ရတနာပစ္စည်းများယူဆောင်သွားခဲ့မှုဖြစ်ပွား

0
13

ထိုင်းနိုင်ငံ၊ အုန်းနွဲ့အုန်းယိုင်တွင် မြန်မာနိုင်ငံသားချင်းသ-တ်ဖြ-တ်ပြီး လက်ဝတ်ရတနာပစ္စည်းများယူဆောင်သွားခဲ့မှု ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ည ၁၀ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။

အမည်/အသက်(စုံစမ်းဆဲ)မြန်မာအမျိုးသားတစ်ဦးမှ အုန်းနွဲအုန်းယိုင်၊ စိုင်-၅၊ အမှတ်(၄၂)တွင်နေထိုင်ကာ ဘောပင်ထုတ်လုပ်သည့်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မသီရိမွန်(၃၀)နှစ်အား သူမနေထိုင်သည့်အခန်းအတွင်းသ-တ်ဖြ-တ်၍ မသီရိမွန်ပိုင်ဆိုင်သော လက်ဝတ်ရတနာပစ္စည်းများကို ယူဆောင်ကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက်ကူညီပေးရန် သေဆုံးသူနှင့်ပတ်သက်သူများက WAG အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် WAG အဖွဲ့မှ ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here