ပေကျင်း၊နိုဝင်ဘာ ၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သမ္မတ ရှိတ်ခ်မိုဟာမက်ဒ်ဘင်ဇေယက်အယ်လ်နာယမ်တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၄၀ ပြည့်နှစ်ပတ်လည်နေ့တွင် ဂုဏ်ပြုသဝဏ်လွှာများကို အပြန်အလှန်ပေးပို့ခဲ့ကြကြောင်းသိရသည်။
တရုတ်နှင့်ယူအေအီးတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယုံကြည်မှုရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလုပ်ဆောင်ခဲ့ကြသည့် မိတ်ဖက်နိုင်ငံကောင်းများဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။
သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၄၀ ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးတွင် ခိုင်မာသည့်နိုင်ငံရေးယုံကြည်မှုများ၊ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ၊ကဏ္ဍအသီးသီး၌ အကျိုးရှိပြီးလက်တွေ့ကျသောပူးပေါင်း ဆောင်ရွက်မှုများ၊နှစ်နိုင်ငံပြည်သူများကြား ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာများတွင်ပေါင်းစပ်ညှိနှိုင်းမှုများလည်းရှိခဲ့ကြောင်းသိရသည်။
မေလက မိုဟာမက်ဒ်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်နှစ်ဦးသည် အရေးကြီးသော သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ပြီး တရုတ်-ယူအေအီး ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကို အဆင့်မြှင့်တင်ရန်လည်းသဘောတူခဲ့ကြသည်။
တရုတ်-ယူအေအီးဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် မိုဟာမက်ဒ်နှင့်လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်းကို လည်းရှီကပြောကြားခဲ့သည်။
Source : ရှင်းဟွာ