စပိန်မှာရေကြီးလို့ ‌ေ-သဆုံးသူ ၁၅၈ ဦးအထိရှိလာ

0
20
Residents walk in the street while transporting belongings following deadly flash floods in La Torre, south of Valencia, eastern Spain, on October 31, 2024. - Rescuers raced on October 31, 2024 to find survivors and victims of once-in-a-generation floods in Spain that killed at least 95 people and left towns submerged in a muddy deluge with overturned cars scattered in the streets. About 1,000 troops joined police and firefighters in the grim search for bodies in the Valencia region as Spain started three days of mourning. Up to a year's rain fell in a few hours on the eastern city of Valencia and surrounding region on October 29 sending torrents of water and mud through towns and cities. (Photo by Manaure QUINTERO / AFP)

မက်ဒရစ်ဒ်၊နိုဝင်ဘာ ၁

စပိန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ ‌ေ-သဆုံးသူဦးရေမှာ ၁၅၈ ဦးထက်မနည်း ရှိလာခဲ့ကြောင်း နိုင်ငံတွင်းအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကထုတ်ပြန်ကြေငြာခဲ့သည်။

ဗလန်စီယာတစ်မြို့တည်း၌ပင် အင်္ဂါနေ့ညမှ ဗုဒ္ဓဟူးနေ့အကြား ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် အနည်းဆုံး ၁၅၅ ဦးအထိရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်အထိ ဗလန်စီယာမြို့မှကယ်ဆယ်ရေးသမားများက ‌ေ-သဆုံးသူများကို ဆက်လက်ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်းသိရသည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်း‌ရှေး သည် ကြာသပတေးနေ့က ဗလန်န်စီယာဒေသရှိ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်စေသည့် ပြင်းထန်သောရာသီဥတုသည် မပြီးဆုံးသေးကြောင်းလည်းသတိပေးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ဥမင်လိုဏ်ခေါင်းနှစ်ခုပြိုကျသဖြင့် ဗလန်န်စီယာနှင့် မက်ဒရစ်ဒ်ကြားရှိ အမြန်ရထားလိုင်းသည် အနည်းဆုံးနှစ်ပတ်ကြာသည်အထိ ပြေးဆွဲနိုင်ဦးမည်မဟုတ်ကြောင်း စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here