အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကျင်းပသည့် ဖိုရမ်သို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

0
12

အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့သည့် Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖိုရမ်ကို ဂျကာတာမြို့တွင် နိုဝင်ဘာ (၁)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဖိုရမ်၌ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံ – တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ကို အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေး အလားအလာများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here