ရန်ကုန်ဆိပ်ကမ်းရှိ တံတားများ၊ ကုန်လှောင်ရုံများနှင့် ချလံရုံးများ၏ အလုပ်ပိတ်ရက်များကို အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ နေရာများကို လာမည့် နိုဝင်ဘာ ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့)နှင့် နိုဝင်ဘာ ၂၅ ရက်(အမျိုးသားအောင်ပွဲနေ့)များတွင် ပိတ်ထားမည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ပိတ်ရက်များ၌ ကုန်တင်/ကုန်ချနှင့် ကုန်ထုတ်ယူလိုသူများအနေဖြင့် ပိတ်ရက်ခကြေးပေးဆောင်ရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။