မင်းရွှေရောင်တင်အပေါ် အဘိုးဖြစ်သူ သဘင်မင်းသားကြီး ရွှေမန်းဦးချမ်းသာရဲ့အမြင်

0
250

tinmgsanminwin

တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့တစ်ဦးတည်းသော သားလေးဖြစ်တဲ့ မင်းရွှေရောင်တင်(ခ)ပူတူးက ၄နှစ်အရွယ်လေးနဲ့ မလိုက်အောင်ကို အနုပညာနဲ့ပတ်သက်ပြီးပါရမီပါနေခဲ့ပါတယ်။ မျိုးဆက်ကလည်း ကြီးမားလှတဲ့ ရွှေမန်းမျိုးဆက်ကနေဆင်းသက်လာတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် နောင်တစ်ခေတ်မှာ ထင်ပေါ်လာမယ့် ရွှေမန်းရဲ့မင်းသားတစ်ယောက်လို့လည်း ပရိသတ်တွေက ထင်ကြေးပေးနေလျက်ရှိပါတယ်။ ဒီလိုပရိသတ်တွေ ရဲ့အား ပေးမှုတွေနဲ့အတူပဲ ရွှေမန်းရဲ့ သဘင်မင်းသားကြီးတွေကလည်း သူတို့ရဲ့မြေးဖြစ်သူ မင်းရွှေရောင်တင်အပေါ် ဝမ်းမြောက်ကြည်နူးမှုတွေလည်း ဖြစ်တည်လို့နေခဲ့ ပါတယ်။ ဒီအရွယ်လေးနဲ့ဇာတ်သဘင်ကို ဝါသနာပါလွန်းနေခဲ့ တဲ့မြေးဖြစ်သူ မင်းရွှေ ရောင်တင်အပေါ် ဦးချမ်းသာက…

” သူဟာဆိုကရေးတီးပြိုင်ပွဲဝင် ကလေးငယ်လေးတွေလိုလည်း သူမတတ်သေးပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ Timing တွေနားလည်နေတယ်။ ဗီဇကိုတော့ ထူးထူးခြားခြားလေးတွေ့ရတယ်။ ရွှေမန်းရဲ့အနာဂတ်အတွက်တော့ အားရှိပါတယ် ကျွန်တော့်ရဲ့မြေးလေးတွေ၊ တူလေးတွေ အားလုံးကလေ” လို့ ပြောပါ တယ်။ ဒီလို၎နှစ်အရွယ်လေးနဲ့ ကတတ်ဖျော်ဖြေတတ်နေပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့အတွက်ကြောင့်လည်း အားလုံးကလည်း ရွှေမန်းဦးတင်မောင်ဝင်စားသလားဆိုပြီးတောင် တွေးထင်နေကြပါတယ်။ ဒီအပေါ်ကိုလည်း ဦးချမ်းသာရဲ့အမြင်ကိုမေးတဲ့အခါမှာတော့..

” ပရိသတ်တွေက ချစ်လွန်းအားကြီးတော့ စိတ်အရောင်တင်ကြတာပေါ့။ ကလေးရဲ့အရည်အသွေးနဲ့ ဘာသာရေးအတိုင်းအတာအရဆိုရင် ဖေဖေလား ဆိုတဲ့ အတွေးတွေကတော့ တတ်လွန်းအားကြီးတော့ တွေးကြတာပေါ့။ ဒါပေမဲ့ ကာလဒေသံအရွယ်ရောက်လာတဲ့အခါမှာ သူ့ကိုကြည့်ပြီးတော့ ပြန်လည်ပြီး သုံးသပ်ရပါလိမ့်မယ်။ ကြီးလာတဲ့အခါမှာ အံ့သြစရာအနေနဲ့ ဖြစ်ချင်လည်းဖြစ်လာပါလိမ့်မယ်။ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်။ အခုချိန်မှာတော့ ကျွန်တော်တို့အတွက်က ပီတိပါပဲ” လို့ ပြောပါတယ်။

ရွှေမန်းဦးချမ်းသာက သူ့ရဲ့ မြေးလေးမင်း ရွှေရောင်တင်ကိုတော့ ရွှေမန်းမျိုးရိုးကိုဆက်လက်ထိန်းသိမ်းမယ့် သဘင်မင်းသားဖြစ်စေချင်ပြီး
ရွှေမန်းမှာမျိုးဆက်မပြတ်သွားဖို့ အရေးကြီးပါကြောင်းလည်း သူက ထပ်ပြောပါတယ်။

” ကျွန်တော့်တူလေး တင်မောင်ဆန်းမင်းဝင်း ရဲ့သားလေး ကျွန်တော့်မြေးလေးဖြစ်သလိုပဲ ကျော်ကျော်ဗိုရဲ့သမီးလေး၊ မောင်စည်သူဗိုရဲ့သားလေး တွေ၊ သူရဗိုလေးရဲ့ သားသမီးတွေ သူတို့ လေးတွေက ရွှေမန်းသဘင်ရဲ့ အရောင်ကိုမပျောက်အောင် အရောင်တင်ပေးကြမယ့် ကလေးတွေဖြစ်စေချင်ပါတယ်။ ဒါမှလည်း ရွှေမန်းသဘင်က အနာဂတ်သမိုင်းကြောင်းကြီး မှာ နှစ်ပရိစ္ဆေဒပေါင်းများစွာ ကြီးကျယ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် ကျွန်တော့်အနေနဲ့ အများကြီးကြိုဆိုရပါတယ်” လို့ ရွှေမန်းမျိုးဆက်နဲ့ ပတ် သက်လို့ ရွှေမန်းဦးချမ်းသာက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here