ကျွန်တော် အမျိုးသား ကဇာတ်ရုံမှာ ကပြတာ အကျိုးမြတ်ရတာရှားပါတယ် ဖိုးချစ်

0
349

phoe-chit

ရန်ကုန်မြို့မှာ နိုင်ငံတကာအဆင့်မီဇာတ်ရုံကြီး တစ်ရုံဆောက်လုပ်ပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကနှုတ်အားဖြင့်ပြောကြားထားပြီးဖြစ်တဲ့အတွက် ဆောက်လုပ်မယ့် ဇာတ်ရုံပုံစံအသေးစိတ်ကိုတော့ သဘင်မင်းသားကြီး ရွှေမန်းဦးချမ်းသာက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

” ဇာတ်ရုံပုံစံတွေ၊ တွက်တာချက်တာတွေကိုလည်း ဝန်ကြီးချုပ်ဆီကို တင်ပြသွားဖို့ရှိပါတယ်။ ဝန်ကြီးချုပ်ကလည်း နှုတ်အားဖြင့် ခွင့်ပြုထားပါတယ်။ လာမယ့်နှစ်ထဲမှာ ကျွန်တော်တို့ကို ဖော်ဆောင်ပေးမှာပါ။ ကျွန်တော်တို့ဆီကလည်း အသေးစိတ်တင်ပြပေးနိုင်ဖို့ လုပ်နေပါတယ်”လို့ ဇာတ်ရုံ ကိစ္စနဲ့ပတ်သက်ပြီး သဘင်ဥက္ကဋ္ဌဦးဖိုးချစ်က ပြောပါတယ်။ ဆောက်လုပ်ပေးမယ့် ဇာတ်ရုံကယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ပဲသွားမှာလား၊ သဘင်အနေနဲ့အပိုင် ဇာတ်ရုံအဖြစ်သွားမှာလားလို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ကို ဆက်မေးတော့ ” သဘင်အနေနဲ့ပဲသွားမှာပါ။ အပိုင်ဆိုတဲ့စကားသုံးတဲ့အခါမှာ နည်းနည်း အခက်အခဲရှိပါတယ်။ အပိုင်ဆိုတော့ ကျွန်တော်တို့က လိုချင်တဲ့စိတ်နဲ့ မဟုတ်ပါဘူး။ သဘင်အပိုင်ဆိုတော့ အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ သဘင်က ဒါမှစီမံခန့်ခွဲပြီးတော့ တီးလုံးတိုက်တာတွေ၊ ဖျော်ဖြေရေးလုပ်တာတွေ၊ Regular Income လည်း ဖြစ်လာမယ်။ နောက်ဖန်တီးချင်တဲ့အနုပညာတွေကိုလည်း အချိန်မရွေးအများကြီး ဖန် တီးလို့ ရနိုင်မယ်။ အခုဆိုအမျိုးသား ဇာတ်ရုံကိုငှားကရင် တအားခက်ခဲတယ်။ ကျွန်တော်အမျိုးသားက ဇာတ်ရုံမှာကပြတာ အကျိုးမြတ်ရတာရှားပါတယ်။ ကုန် ကျစရိတ်နဲ့ ဘာနဲ့လေ။ အဲဒီတော့ ကျွန်တော်တို့ သဘင်ပိုင်ဇာတ်ရုံရှိမယ်ဆိုရင် အပြင်မှာ သိန်း၃ဝ လောက်ကုန်မယ်ဆိုရင် သဘင်ဖျော်ဖြေမှုသာ လုပ်မယ်ဆိုရင် ၁၅ သိန်းလောက်ပဲကုန်ရင် မဆိုးဘူးပေါ့။ ရန်ပုံငွေလည်းရမယ်။ ဖျော်ဖြေရေးလည်း လုပ်လာ နိုင်မယ့် အနေအထားရှိမယ်” လို့ ဇာတ်ရုံပြီးတဲ့ အခါနောက်ပိုင်း လုပ်ဆောင်သွားနိုင်မယ့် အကြောင်းအရာ တွေနဲ့ ပတ်သက်လို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here