မေဖြူဖြူရဲ့ စားချင်စဖွယ် ဟင်းချက်လက်ရာ

0
363

mayphyuck

အနုပညာရှင်တွေအနေနဲ့ အနုပညာ အလုပ်တွေနဲ့ မအားလပ်ရအောင် ရှိနေပေမယ့်လည်း အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကိုယ်ကိုယ်တိုင်ဟင်းချက် ပြုတ်ကာ ဟင်းချက်မှုနဲ့ပတ်သက်လို့ ဝါသနာပါလွန်းတဲ့သူတွေအများအပြားပါ။ ဒီလိုပဲ မေဖြူဖြူဆိုရင်လည်း ဟင်းချက်ခြင်းကိုအသက် ၁၂ နှစ်အရွယ်တည်းက စတင်ချက်ပြုတ်ခဲ့ပြီး အခုချိန်ထိလည်း အိမ်မှာ နေ့စဉ်လို ဟင်းချက်ပြုတ်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဟင်းချက်ပုံကို ပရိသတ်တွေ မြင်တွေ့ရစေနိုင်ဖို့ အတွက် ပေါ်ပြူလာမှ သွားရောက် ရိုက်ကူးပုံဖော် တင်ဆက်လိုက်ရပါတယ်။

အကြိုက်ဆုံးအစားအစာ

ဒီနေ့ မေဖြူ ကြက်သားရို့စ်နဲ့ အစိမ်းကြော် ချက်စားဖြစ်ပါတယ်။ ကြက်သားရို့စ်က မေဖြူ ငယ်ငယ် လေးကတည်းက တအားကြိုက်တဲ့ ဟင်း။ အဘွားက ချက်ချက်ကျွေး တယ်။ ဒါပေမဲ့ ဘွားဘွားက ကြက်သားရို့စ်ကို အာလူးတွေပြုတ် ပြီးထည့်သေးတယ်။ မေဖြူက အာလူး သိပ်မကြိုက်လို့ မထည့်ဘူး။ လူ တစ်ယောက် က တစ်နေ့မှာ ထမင်း စားလို့ရှိရင် အသားဓာတ်လည်းလိုသလို ဟင်းသီးဟင်းရွက်လည်း ပါအောင်စားရမယ်။ မေဖြူက ငရုတ်သီးတွေနဲ့ အစပ်မစားနိုင်ဘူး။

mayphyu2

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ
လုပ်စားဖြစ်တယ်

အိမ်မှာ ကိုယ်အားလပ်တဲ့အခါ ကိုယ်စားချင်တဲ့ဟင်းရှိလာရင် ချက် စားဖြစ်တယ်။ ငယ်ငယ်လေးကတည်း က ဝင်ကူရင်းနဲ့ ဟင်းချက်တတ်သွား တာ။ မေဖြူ ၁၂ နှစ်၊ ၁၃ နှစ် လောက်ကစပြီး ဟင်းစချက်ဖြစ် တယ်။ ထူးဆန်းတာက မေဖြူက တစ်ခါ ကြည့်တာနဲ့ ဘယ်လိုချက်ရလဲ ဆိုတာ မှတ်မိတယ်။ မေဖြူက အစား အသောက် နဲ့ပတ်သက်ပြီး စာ လည်း ဖတ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို လုပ်စား ဖြစ်တယ်။ မေဖြူတို့က အပြင်မှာ စားတာနည်းတယ်။ အိမ်မှာပဲစား ဖြစ်တယ်။ အခုဆိုရင် မေမေတို့ လုပ်ငန်းမှာ ဝင်ကူနေတာ။ မေဖြူက ရုံးသွားရင်လည်း အိမ်က ထမင်းချိုင့်ကိုပဲယူသွားတာ။ မေဖြူ မေမေက ဟင်းချက်တာ သိပ်ဝါသနာ မပါဘူး။ မေဖြူက အဖေနဲ့တူလို့ ဝါသနာပါတယ်။ မေမေကတော့ မေဖြူချက်တာတွေ စားရင်တအားပျော်တယ်။ အိမ်မှာ မေဖြူကိုယ်တိုင်ချက်ဖြစ်တယ်။

မုန့်လုပ်စားရတာ ပိုဝါသနာပါတယ်

မုန့်လုပ်စားရတာလည်း မေဖြူ ဝါသနာပါတယ်။ ငယ်ငယ်လေးကတည်းက ဘွားဘွားက ကွတ်ကီး လေးတွေ၊ ဘီစကစ်လေးတွေ ဖုတ် ပေးတယ်။ မေဖြူက မုန့်ဖုတ်သင်တန်း သွားတက်လိုက်သေးတယ်။ သင်တန်း မှာက အမျိုးအစား အကုန်သင်ပေးတယ်။ မေဖြူ အိမ်မှာကွတ်ကီးလေးတွေ လုပ်စားဖြစ်တယ်။ တစ်ခါ တလေကျရင် ကိတ်မုန့်လေး တွေ ဖုတ်စားဖြစ်တယ်။ အသိမိတ်ဆွေတွေနဲ့ မွေးနေ့ရှိရင် မေဖြူကိုယ်တိုင်ဘတ်ဒေးကိတ် ဖုတ်ပြီးပို့ပေးတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here