ဗိုလ်အောင်ဒင်ရဲ့ အသဲကိုလာမဆွနဲ့ ရု ပ် ရှ င် ဇာ တ် ကား ကြီး မှာ သရုပ်ဆောင်သွားမယ့် အိချောပို

0
380

eichawpo-copy

၂ဝ၁၆ ခုနှစ်က အိချောပို အတွက် အနုပညာအလုပ် တွေ တောက်လျှောက်လုပ်ခွင့်ရတဲ့နှစ်လို့ ဆိုရမှာပါ။ နှစ်တစ်နှစ်ရဲ့နောက်ဆုံး လဖြစ်တဲ့ ဒီဇင်ဘာလလိုမျိုး မှာတောင် နားရက်မရှိဘဲ ရုပ်ရှင်ကားတွေဆက် တိုက် ရိုက်ကူးနေရတယ်လို့ဆိုတဲ့ အိချောပိုက..

“အခုလိုလုပ်ခွင့်ရတာ အိချော တို့ရဲ့ပျိုးခင်း က ဆရာတွေရဲ့ပံ့ပိုးမှုကြောင့်ရော၊ အနု ပညာ အသိုင်းအဝိုင်းက အားလုံးရဲ့ပံ့ ပိုးမှုကြောင့် ရယ်၊ အိချောကိုချစ် ခင်အားပေးတဲ့ ပရိသတ် တွေ ကြောင့် အခုလို ရုပ်ရှင်တွေ ဆက်တိုက် ရိုက်ကူးနေရ ခြင်းဖြစ်ပါတယ်။ အိ ချောရဲ့ သရုပ်ဆောင် မှုပိုင်းတွေကိုလည်း ဆရာတွေက အမြဲသင် ကြားပေးပါ တယ်။ လမ်း ညွှန်ပေးတယ်။ ၂ဝ၁၆ခုနှစ်ထဲ မှာအိချောရုပ်ရှင် ကား တွေတော်တော် ရိုက်ကူးရပါ တယ်။ အခု ဒီဇင်ဘာလထဲမှာလည်း ရိုက် ရက်အပြည့်ပါပဲ။ နယ်တွေကို ထွက်ရိုက်ရတာပိုများပါတယ်။ ပင်လည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ ပရိသတ် တွေအတွက်ကြိုးစားနေတာဖြစ်တဲ့ အတွက် ကျေနပ်ပါတယ်။ ပရိသတ် အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ သရုပ် ဆောင်တစ်ယောက်ဖြစ်အောင် အိချောအမြဲကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

လာမယ့် ၂ဝ၁၇ထဲမှာတော့ အိချောပိုအနေနဲ့ သီချင်းခွေထွက်ဖိုလည်း အစီအစဉ်ရှိပါတယ်။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမယ့် ‘ဗိုလ် အောင်ဒင်ရဲ့အသဲကို လာမဆွနဲ့’ ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း အိချောပိုက ပြေတီဦးနဲ့အတူ ပုပ္ဂါးဘက်မှာ သွားရောက် ရိုက်ကူး ဖို့ရှိကြောင်းလည်း သိရပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here