မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနုရဲ့ ရုပ်ရှင်လောကအတွက် တိုက်တွန်းစကား

0
635

khin-than-nuu

ဒီဇင်ဘာလ (၇) ရက်နေ့က ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီခင်သန်းနုရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကတော့ သမီးဖြစ်သူရဲ့မင်္ဂလာပွဲရှိနေတာကြောင့် မွေးနေ့အတွက် ထူးထူးခြားခြားလုပ်တာမရှိဘဲ မင်္ဂလာပွဲအတွက်သာ အလုပ်တွေ ရှုပ်နေရကြောင်း မင်းသမီးကြီး ခင်သန်းနုက ပြောပါတယ်။

” မွေးနေ့က သမီးလေးရဲ့ မင်္ဂလာအခမ်းအနားလေးရှိနေတော့ အဲဒီအတွက်လည်း အလုပ်ရှုပ်နေရတယ်။ ကိုယ့်မွေးနေ့အတွက်ကတော့ ကုသိုလ်ကောင်းမှုတွေက အမြဲမပြတ် လုပ်နေတာပါပဲ။ ခေါင်းစဉ်တွေ တပ်ပြီးတော့သာ ဘာလုပ်တယ် ညာလုပ်တယ်ကို မပြော တော့ပါဘူး။ သိပ်ပြီး ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး။ ဒီအချိန် ဒီအရွယ်မှာတော့ ဘုရား၊ တရားအလုပ်ကို မမေ့မလျော့ ပိုလုပ်ဖြစ်နေပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပါတယ်။ အခုရက်တွေမှာကတော့ သမီးလေးရဲ့ မင်္ဂလာကိစ္စကို မိဘတို့ ဝတ္တရားရှိ တဲ့အတိုင်း မိဘတာဝန်ကျေရမယ့် အရာလေးတွေကိုလုပ်ပေးနေတာပေါ့။ ဒီမင်္ဂလာပွဲကိုလည်း ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေ၊ ပြီးတော့ကိုယ်ချစ်ခင်တဲ့ အနုပညာလောက ဆွေမျိုးသားချင်း တွေကိုလည်း ဖိတ်ကြားဖို့စီစဉ်နေတော့ ပိုပြီးအလုပ်တွေ ရှုပ်နေရတာပါ” လို့ ပြောပါတယ်။ ရုပ်ရှင်မင်းသမီးကြီး ခင်သန်းနုက အခုနှစ်အတွက် အကယ်ဒမီပေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပြီး အနုပညာကို ချစ်မြတ်နိုးကာ အနုပညာကို လုပ်ကိုင်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေ အနုပညာအလုပ်ကို ယုံယုံ ကြည်ကြည် ကြိုးစားလုပ်ကိုင်ကြပြီး ရုပ်ရှင်လောကကြီး ဒီထက်မက အောင်မြင်အောင် ဆက်လက်ကြိုးစားသွားကြဖို့လည်း တိုက်တွန်းစကား ပြောခဲ့ပါတယ်။ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနုရဲ့ သမီးဖြစ်သူ မမြတ်သန်းနုစိုးနဲ့ ကိုခွန်ရဲထက်တို့ရဲ့မင်္ဂလာဧည့်ခံပွဲကိုတော့ ဒီဇင်ဘာလ (၂၉) ရက်နေ့မှာ Rose Garden Hote မှာကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here