ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ မိသားစု ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တဲ့ မောင်ကောင်းပြည့် ဆေးတက္ကသိုလ် (၂) မှာ ကျောင်းအပ်ပြီ

0
195

dsc_0262-copy

လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတား အနီး အိမ်ငယ်လေးက ဆရာဝန် လောင်းလျာ လေးတစ်ယောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါ တယ်။ သာမန်လက်လုပ်လက်စား မိဘနှစ်ပါး က မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ မောင်ကောင်း ပြည့်လေးက ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာတော့ ၅ ဘာသာဂုဏ်ထူးနဲ့ ထူး ချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ပြည့်စုံမှုမရှိ တဲ့ဘဝမှာ ပညာရေးကို စိတ်အားထက်သန်စွာ ကြိုးစားအား ထုတ်ရင်း အတန်းတိုင်းမှာလည်း ဆုအသီးသီးရရှိခဲ့ပြီး ထူးချွန် အောင်မြင်တဲ့သူ လည်း ဖြစ်ပါတယ်။

dsc_0253-copy

‘စိတ်ဆောင်လျှင် အောင် ရမည်’ ဆိုတဲ့စကားအတိုင်း သူ့ရဲ့ငယ်ဘဝ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော် နိုင်ခဲ့ ပြီ ဖြစ်ပါ တယ်။ ဖြစ်ချင်တဲ့ ဆရာဝန်အိပ် မက်ကိုတော့ ကိုဥက္ကာကျော်နဲ့ ရုပ်ရှင်သရုပ် ဆောင် ဆုပန်ထွာတို့ မိသားစုက လက်တွေ့ အကောင် အထည် ဖော်ပေးခဲ့ကြပါတယ်။ မောင်ကောင်းပြည့်လေးက ဒီဇင်ဘာလ ၆ ရက် နံနက်က ကိုဥက္ကာကျော်၊ သရုပ်ဆောင် ဆုပန်ထွာတို့ အပါအဝင် သူ့ရဲ့မိသား စုနဲ့အတူ သူတက်ရောက်ပညာသင်ကြားခွင့်ရရာ ဆေး တက္ကသိုလ် (၂) ရန်ကုန်မှာ ကျောင်းအပ်ခဲ့ ပါတယ်။
dsc_0247-copy

မောင်ကောင်းပြည့်အနေနဲ့ ငယ်ဘဝ စိတ်ကူးအိပ်မက်ကို အကောင် အထည်ဖော်ဖို့ စတင်ခြင်းနဲ့အတူ ပျော်ရွှင်ပီတိဖြစ်နေသလို သူ့ရဲ့အိပ် မက်ကို ပါရမီဖြည့်အကောင်အထည် ဖော်ဆောင်ပေးခဲ့တဲ့ ကိုဥက္ကာကျော်နဲ့ ဆုပန် ထွာတို့ကလည်း ဝမ်းသာပျော်ရွှင်လျက်ရှိပါ တယ်။ အစ်မတို့ကိုယ်တိုင် မောင်ကောင်းပြည့် လေးကို ကျောင်းအပ်နှံပေးလိုက်ရလို့ စိတ်ထဲ မှာ ဘယ်လိုပီတိခံစားမှုဖြစ်မိခဲ့ရလဲမေးတော့

“သြော် ဒီကလေးဆရာဝန်ကြီး ဖြစ်တော့ မယ်ဆိုတဲ့ စိတ်ကလေးပေါ့။ မောင်လေး မောင်ကောင်းပြည့် ဆရာဝန်ဖြစ်သွားလို့ လူနာ တွေ ကို သူ့ပညာနဲ့ ကြိုးစားကုသပေးလိုက် လို့ လူတွေ ချမ်းသာရာ တစ်ယောက်ရသွားလည်း အစ်မတို့ က တောက်လျှောက်ကုသိုလ်ရနေမယ်။ ပီတိဖြစ်နေမယ်ပေါ့။ တစ်ယောက် နေကောင်း သွားလို့ သူ့ကိုချစ်သွားမယ်ဆိုရင်လည်း အစ်မ တို့အတွက် ပီတိလေးက အမြဲတမ်းရနေ မယ်။ အစ်မက ခုကတည်းက စိတ်ထဲမှာ အဲဒီလို တွေးပြီး ပီတိလေးဖြစ်နေတာပေါ့။ အစ်မတို့ ဘက်က သူ့ကိုပညာသင်ထောက် ပံ့ကြေး ထောက် ပံ့ပေးပါမယ်။ လိုအပ်တာတွေ အကောင်း ဆုံး ပြည့်စုံအောင် ကြိုးစားပြီး လုပ်ပေးသွားမှာပါ” လို့ သရုပ်ဆောင် ဆုပန်ထွာ က သူ့ရဲ့ ရင်တွင်း ပီတိကို ပြောပြခဲ့ပါတယ်။

“အစ်ကိုကတော့ ဝမ်းသာပါတယ်။ ဆရာ ဝန်တစ်ယောက် ဖြစ်လာတော့မှာဆိုတော့ ဝမ်းသာမိပါ တယ်” လို့ ကိုဥက္ကာကျော်ကလည်း သူ့ရဲ့ဝမ်းသာပီတိကို ပြောပြခဲ့ပါတယ်။ ငယ်စဉ် ကလေးဘဝကတည်းက သူစိတ်ကူးဖြစ်တည် ရာ ဆရာဝန်အိပ်မက် မက်ခဲ့တဲ့ မောင်   ကောင်း  ပြည့်လေးဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြီး ဆေးတက္ကသိုလ် (၂) ရန်ကုန်မှာ ပညာသင်ကြားရတော့မှာ ဖြစ်ပါတယ်။ ထန်းတက်ရင်း ကလေးတွေကို ပညာရေးထူး ချွန်အောင် ကြိုးစားရုန်းကန် ကျောင်းထား ပေးခဲ့သူ မောင်ကောင်းပြည့်ရဲ့ ဖခင် ဦးဝင်း
နိုင်ကလည်း သူ့ရဲ့ပီတိကို အခုလိုမျှဝေ ပြောပြခဲ့ပါသေးတယ်။

     “အတိုင်းအဆမရှိ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ဆို ဒီလို ဆေးကျောင်း ဆိုတာ မမှန်းရဲဘူးပေါ့။ အခုလို ကိုဥက္ကာတို့၊ မဆုပန်ထွာတို့ က ဆေးကျောင်းထားပေး တဲ့အတွက်တအားဝမ်းသာမိပါတယ်။ ကိုယ့် အတိုင်းအတာနဲ့ဆို တစ်နေ့လုပ် တစ်နေ့ စား ဆိုတော့ ဆေးကျောင်းကို စိတ်မကူးရဲဘူး ပေါ့။ ကိုယ်က ဒီလို ပညာတတ် ဖြစ်စေချင် သလို ကလေးတွေကလည်း ကြိုးစားကြ တယ်။ ပြီးတော့ ထောက်ပံ့ကူညီပေးမယ့် သူကလည်း ပေါ်လာတော့ ပိုပြီးတော့ဝမ်း သာမိပါတယ်” လို့ ဦးဝင်းနိုင်က သူ့ရဲ့ ရင် တွင်းပီတိ ကို ပြောပြခဲ့ပါတယ်။

တောင်သာဇာတိ ဖြစ်တဲ့ ဦးဝင်းနိုင်က သူတတ်ကျွမ်းတဲ့ ပညာဖြစ်တဲ့ ထန်းတက် လုပ်ငန်းကို လုပ်ကိုင်ရင်း သားသမီး ၇ ဦးရဲ့ ပညာရေး ကို အလေးပေးလုပ်ဆောင်ခဲ့ပါ တယ်။

လက်ရှိအချိန်မှာတော့ မောင် ကောင်း ပြည့် အပါအဝင် သားသမီး ၅ ဦးက တက္က သိုလ် ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင် ခဲ့ပြီဖြစ် ပြီး ၂ ဦးကတော့ အလယ်တန်းမှာ ဆက်လက်ပညာဆည်းပူးလျက်ရှိကြောင်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here