ရင်ခေါင်းခွဲစိတ်ထားတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ကို မေတ္တာသင်္ဂဟအဖွဲ့က အလှူ ငွေသွားရောက် ပေးအပ်

0
122

minttar

မေတ္တာသင်္ဂဟအဖွဲ့က ရန်ကုန်ဆေးရုံကြီးရှိ ရင်ခေါင်းနှင့် အဆုတ်ခုတင် ၅ဝဝ ဆေးရုံအရေးပေါ်ဌာန မှာ ရင်ခေါင်းခွဲစိတ်မှုခံယူထားတဲ့ ဟာသသရုပ်ဆောင်ဦးကင်းကောင် ကို အလှူငွေ ၁၁သိန်း ၁သောင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ အလှူငွေကို ကိုယ်တိုင်ကိုယ်ကျသွား ရောက်လှူဒါန်းခဲ့ပြီး ဦးကင်းကောင်ကို အားပေးစကားများပြောကြားခဲ့တဲ့ ခိုင်သင်းကြည်က

” အစ်မတို့ မေတ္တာသင်္ဂဟအဖွဲ့က ဒီလိုမျိုး ကျန်းမာရေးရော၊ ကုသိုလ်ရေးရော၊ ကိုယ်တတ်နိုင်သလောက်လေးနဲ့ အလှူလုပ်ကြတာ ပါ။ ကိုကင်းဆိုတာလည်း အစ်မနဲ့ ညီအစ်ကိုမောင်နှမလိုဖြစ်နေတော့ သူစဖြစ်ကတည်းက အစ်မတို့လာဖို့ တစ်ယောက်နဲ့တစ်ယောက်ချိန်းနေ ကြတာနဲ့ မရောက်ဖြစ်ခဲ့ဘူး။ အဲဒါနဲ့ ဒီနေ့မှ သွားရောက်လှူဒါန်းခဲ့တယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ တဲ့ထွန်းအိâန္ဒာဗိုကလည်း..

” ကိုယ့်အနုပညာလောကမောင် နှမဆေးရုံတက်တယ်ဆိုတာ မဖြစ်စေချင်ဘူး။ အခုကိုကင်းအနေအထား အားလုံးကြည့်လိုက်တော့ အကုန် ကောင်းသွားပြီ။ လုံးဝ ကျန်းမာတဲ့ သူတစ်ယောက်ဖြစ်သွားတယ်ဆို တော့ ဝမ်းသာစရာကောင်းပါတယ်” လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here