အိန္ဒြာကျော်ဇင် တူ မ ဖြ စ် သူ တို့ နှ စ် ဦး သ ရု ပ်ေ ဆာ င် ထား တဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား

0
181

eeee-copy

အိန္ဒြာကျော်ဇင်က ဒါရိုက်တာအောင်ဇော်လင်း ရိုက်ကူးတဲ့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင် ဇာတ်ကားကို တူမဖြစ်သူ မေတိုးခိုင် (ခ) ဖူးဖူး၊   နေတိုးတို့နဲ့ ရိုက်ကူးနေပြီး တူမဖြစ်သူကို ရိုက် ကွင်းပေါ်မှာ သရုပ်ဆောင်ပညာတွေကို သေချာ သင်ကြားပေးနေတာ တွေ့ရပါတယ်။

မေတိုးခိုင်က လည်း ဇာတ်ကားရိုက်ကူးချင်သလို သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းလည်း ရှိနေတာကြောင့် ရိုက်ကူးခြင်းဖြစ် ကြောင်း ပြော ပါတယ်။ ဒီဇာတ်ကားမှာ မေတိုးခိုင်က အဓိကနေရာကနေ သရုပ်ဆောင်မှာဖြစ်ပြီး ဇာတ် ကားမရိုက်ကူးခင်ကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော် ဇင်တို့ နှစ်ဦးစလုံးက ကင်မရာစမ်းသပ်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“အစ်မအနေနဲ့ကျတော့ ဒီဇာတ်ကားက ဖူးဖူးအတွက် ရိုက်ကူးပေးတာလို့ ပြောရင်ရတယ်။ ဒီထဲမှာ အဓိကနေရာက ဖူးဖူးပေါ့။ ကိုယ့်   နေရာရော၊ သူ့နေရာရောက တူဝရီးနှစ်ယောက် ရိုက်ကူးလို့ရတဲ့ ဇာတ်လမ်းဖြစ်နေတယ်။ အိုက် တင်ပိုင်းက သူကရိုက်ကူးချင်တယ်   ပြောပေမယ့် သူ့ဆီမှာ Talent  ဘယ်လောက်ရှိလဲ အစ်မ မသိဘူး။ ရိုက်ကူးတာတော့ဟုတ်ပါပြီ၊ သူ ဘယ်လောက် လုပ်နိုင်လဲမသိတော့ တစ်ရက် အိမ်မှာ ကင်မရာတွေ၊ စက်အဖွဲ့တွေအကုန်ငှား ပြီး  camera test  လုပ်ကြည့်တယ်။ ဦးတီရော၊ အဒေါ်ရော နှစ်ယောက်စလုံး အိုက်တင်တွေ လည်း လုပ်ခိုင်းကြည့်တော့ မဆိုးဘူးလို့ ပြောရင် ရတဲ့ အနေအထားလေးပေါ့။ သူကလည်းဇာတ် ကားရိုက်ချင်တော့ ရိုက်ဆိုပြီး ရိုက်ကူးခိုင်းလိုက် တာ။ ဒီဇာတ်ကားက ဇာတ်ညွှန်းတွေ ကြိုမရ တော့ ကြိုတင်လေ့ကျင့်ဖို့အချိန်မရဘူး။ ဇာတ် ညွှန်းစာအုပ်က ဒီဇာတ်ကား ရိုက်ကူးခါနီး တစ် ရက်၊ နှစ်ရက်အလိုမှ ကပ်ထွက်တယ်။ ရိုက်ကွင်း ပေါ်မှာပဲ လိုအပ်တာတွေ လိုက်ဖြည့်ပေး၊ သူ မသိတာေ တွ ပြောပြတယ်။ ဒါရိုက်တာကလည်း သင်ပေးပါတယ်” လို့ပြောပါတယ်။

အခုအချိန်မှာတော့ မေတိုးခိုင်က ပေါ့ပေါ့ ပါးပါး ဇာတ်ဝင်ခန်းတွေပဲ သရုပ်ဆောင် နေရ တာကြောင့် အခက်အခဲမရှိသေးဘဲ နောက် ပိုင်း မှာတော့ သူဘယ်လိုသရုပ်ဆောင်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်းကို အိâန္ဒာကျော်ဇင်က..

“အဒေါ်တစ်ယောက်လုံးကသာ ဒီလောက ထဲကဖြစ်နေပေမယ့် သူကရှုတင်နဲ့ စိမ်းတယ်။ ရှုတင်တွေလည်း လိုက်လေ့လိုက်ထမရှိဘူး။ အဲဒါ ကြောင့် ဇာတ်ကားမရိုက်ကူးခင်မှာ ‘ကျွန်မအချစ်ဆုံး ယောက်ျားသုံးယောက်’ ရိုက်ကူးနေတာ ကို သူ့ကို ရှုတင်အထာတွေလည်း သိအောင် အစ်မက လိုက် ကြည့်ခိုင်းတယ်။ အခုကတော့ နှစ်ရက်လောက်ပဲ ရိုက်ကူးရသေးတယ်။ ပေါ့ပေါ့ပါးပါး ဆင်းန်တွေပဲဆို တော့ ဒုက္ခမရောက်သေးဘူး။ ဟဲဗီးဆင်းန်တွေလာ ရင် ဘယ်လိုဖြစ်မလဲမသိဘူး။ စောင့် ကြည့်ရမှာပဲ” လို့ ပြောပါတယ်။

တူမဖြစ်သူ အနုပညာအလုပ်တွေလုပ်တဲ့ အခါမှာလည်း စိတ်ပါဝင်စားစွာလုပ်ဖို့နဲ့ ဝေဖန် မှုတွေကိုလည်း ခံနိုင်ရည်ရှိဖို့ ပြောပြထား
ကြောင်းကို… “အစ်မဖြစ်စေချင်တာက တော့ အနုပညာလုပ်ပြီဆိုရင် ဒီအလုပ်အ ပေါ်မှာ တကယ် စိတ်ပါဝင်စားစွာနဲ့လုပ်။

အလုပ်တစ်ခုလုပ်ပြီဆိုရင် တကယ်ဖြစ် အောင်၊ အောင်မြင်အောင် လုပ်စေချင် တယ်။ အစ်မကတော့ သူ့ကိုပြောထား တယ်။ ဒီအလုပ်က
စိတ်ဖိစီးမှုတအား များတယ်။ ခံနိုင်ရည်ရှိဖို့လိုတယ်။ ဖူးဖူး အခုစလုပ်ပေမယ့် အောင်မြင် ချင်မှ အောင်မြင်မှာ။ ဒီဟာအပေါ် မှာ ပရိသတ် က ဆိုးတယ်ပြောလည်း ခံရမှာပဲ၊ ကောင်းတယ်ပြောလည်း ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝေ ဖန်မှု အကုန်လုံးကို ခံနိုင်ရည်တော့ရှိ ရမယ်။ အခုမှ စစချင်းပဲရှိသေးတော့ ဒီ Effect  တွေ ကို သူမသိသေးဘူးပေါ့။ တဖြည်းဖြည်းတော့ သူနားလည်လာမှာ ပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here