ကော်နီ အသက် ၅ဝ ပြည့် အမှတ်တရ ဖျော်ဖြေပွဲ ပြုလုပ်မည်

0
194

kaw

အဆိုတော် ကော်နီက ခါးနာဝေဒနာကို ခံစားနေရတာလအတော်ကြာပြီဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ 80 Classic ပွဲမှာတော့ ခါးနာ ဒဏ်ရာပြန်ပေါ်မှာစိုးရိမ်နေပေမယ့် အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ” ၈ဝ 80 Classic နေ့မှာတော့ တကယ့်ကို ဘုရားတရားကျေးဇူးပါပဲ။ ပွဲမတိုင်ခင် ရီဟာဇယ်နေ့အထိ နာနေသေးတယ်။ ဒါပေမဲ့ ပွဲနေ့မှာဘုရားတရားကို အာရုံပြုပြီးဆိုတယ်။ အဲဒီနေ့က တစ်စက်မှမနာခဲ့ဘူး။ ဒါကြောင့် မကော်အနေ နဲ့ ဘုရားတရားကို တအားကို ယုံကြည်ပါတယ်။ အေးအေးဆေးဆေး အနားယူလိုက်ရင်တော့ သက်သာမယ့် သဘောရှိပါတယ်” လို့ပြောတဲ့ ကော်နီက ဒီဇင်ဘာလဆန်းမှာလည်း ဘန်ကောက်မှာ ခါးအတွက်ဆေးစစ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။

ကော်နီက ၂ဝ၁၇ ခုနှစ်အတွင်းမှာ အသက် ၅ဝ ပြည့် အထိမ်းအမှတ်အဖြစ် တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရတာကြောင့် ဒီအပေါ်မှာ မေးကြည့်တဲ့အခါ…

” အသက် ၅ဝ ပြည့်အမှတ်တရအနေနဲ့ လုပ်မှာပါ။ ဒါပေမဲ့ ဘယ်အချိန်ဖြစ်မလဲ အတိအကျမသိသေးဘူး။ ၅ဝ ပြည့်အကြိုလည်း ဖြစ်ချင်ဖြစ်မယ်။ အချိန်အားရတဲ့အပေါ်မှာမူတည်ပါတယ်” လို့ပြောပါတယ်။ ကော်နီရဲ့ တစ်ကိုယ်တော် ဂီတပွဲတွေကို ဂီတသက်တမ်း နှစ် ၂ဝ ပြည့်မှာ တစ်ခါ၊ နှစ် ၃ဝ ပြည့်မှာတစ်ခါ ကျင်းပခဲ့ဖူးပြီး သူမရဲ့ စီးရီးသစ်အနေနဲ့ကော ထပ်ထွက်လာဖို့ရှိဦးမလားဆိုတော့ ကော်နီက..

” အဲဒါလည်း တော်တော်ကြာပြီ။စီစဉ်နေတာ။ မကော်ကိုယ်တိုင်လည်း မအားတာနဲ့ တစ်ဝက်လောက်ပဲ ဆိုရသေးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စီစဉ်နေတာ။ ကြား ထဲမှာ လောဘကြီးပြီး သီချင်းတွေထပ်ထည့်တာလည်း ရှိတယ်။ မကော် ထင်ပါတယ်။ ၂ဝ၁၇ ခုနှစ် သင်္ကြန် အပြီးလောက်မှာတော့ ထွက်ရှိနိုင် လိမ့်မယ်ထင်ပါတယ်” လို့ က ပြောပြခဲ့ပါတယ်။

ရဲရဲ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here