ပန်းသီးလေး ရဲ့ စိတ်ကူးပျော်ရာ Star War ထဲမှ ဇာတ်ကောင်များ

0
166

apple

ကလေးတိုင်း ကလေးတိုင်းမှာ သူတို့ စိတ်အားထက်သန် စွဲမက်နှစ်ခြိုက်ဇာတ်ကောင် Hero ကိုယ်စီရှိကြပါတယ်။ ရုပ်ရှင်တွေ၊ ကာတွန်းတွေထဲက တစ်ဆင့်သူတို့ မြင်ဖူးတဲ့ ဇာတ်ရုပ်တွေဟာ သူတို့ငယ်ဘဝရဲ့အမှတ်အသား ဖြစ်တတ်ကြပါတယ်။ အဆိုတော် သားစိုးနဲ့ ဇနီးမငယ်တို့ရဲ့သားလေးဖြစ်တဲ့ ပန်းသီးလေးကတော့ Comic တွေအများကြီးထဲကမှ Star War ဇာတ်ကောင်တွေကို အထူးသဘောကျ နှစ်ခြိုက်သူဖြစ်ပါတယ်။ အသက် ၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပန်းသီးလေးက ငယ်စဉ် နှစ်နှစ်သားလောက်ကတည်းက Star War ဇာတ်ကောင်တွေနဲ့ ရင်းနှီးခဲ့ပြီး ဖခင်ဖြစ်သူ ကြည့်ရှုလေ့ရှိတဲ့ Star War ဇာတ်လမ်းတွဲတွေကို လိုက်လံကြည့်ရှုရင်း Star War ဇာတ်လမ်းကို ခုချိန်ထိ အရူးအမူးစွဲလမ်းဆဲပဲ ဖြစ်ပါတယ်။

apple2

” ကျွန်တော်ကလည်း Star War စီးရီးတွေ ကြည့်တာများတယ်။ သူလည်း လိုက်ကြည့်တယ်။ သူဒီလောက်စွဲလမ်းသွားမယ်လို့ ထင်မထားဘူး။ ကျွန်တော်က Star War ကာတွန်းရော ရုပ်ရှင်ဇာတ်လမ်းတွေရောကြည့်တယ်။ သူက ကျွန်တော်နဲ့တူတယ်ပဲ ပြောရမှာပေါ့။ တကယ်တမ်း Star War ဇာတ်လမ်းတွဲတွေက ကြည့်ရတာတကယ်ကောင်းပါတယ်။ သူက နိုင်ငံရေးရောလူမှုရေးရော၊ လူ့ လောကအကြောင်းအရာတွေပါတယ်။ ကလေးတွေအနေနဲ့လည်း လူ့လောက အကြောင်းတွေကို ငယ်ငယ်နဲ့ သိနိုင်တယ်။ သူက Dark Side နဲ့ light Side ခွဲထားတဲ့အတွက် လူဆိုးနဲ့ လူကောင်းကို ခွဲခြားသိနိုင်မယ်။ ကျွန်တော်ကလည်း ကြည့်ရင်းနဲ့သူ့ကို ရှင်းပြတာပေါ့။ သူ့အနေနဲ့လည်း ဒါကိုကြည့်တဲ့အတွက် သူ့ရဲ့ English Skill တွေရော။ တခြားအပိုင်းတွေပါတိုးတက်လာတယ်” လို့ ဖခင်ဖြစ်တဲ့ သားစိုးက ပြောပါတယ်။

ပန်းသီးလေးရဲ့ ကစားစရာပစ္စည်းထဲမှာလည်း Star War နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပဲများပြီး ဖခင်ဖြစ်သူ ပြည်ပခရီးတွေသွားတိုင်းမှာလည်း Star Warပစ္စည်းတွေ ဝယ်လာပေးဖြစ်သလို ဆွေမျိုးတွေကလည်း ကစားစရာလက်ဆောင်ဆို Star War ပစ္စည်းတွေပဲ လက်ဆောင်ပေးကြတယ်လို့ သိရပါတယ်။

apple3

” သူကကြိုက်တာနဲ့ကျွန်တော်အပြင် မိန်းမဘက်က အမျိုးတွေက အမေရိကမှာနေတော့ အဲ့ဒီကလည်း ပို့ကြတယ်။ သူက မြေးဦးဆိုတော့ အဘိုးအဘွားတွေကလည်း ဒါတွေပဲ ဝယ်ပေးတယ်။ အိမ်မှာဆို တောင်ပုံရာပုံပဲ။ Star War ပစ္စည်းတွေ။ သူကလည်း အဲ့ဒါတွေနဲ့ပဲ ဆော့တယ်” လို့ ဖခင်ဖြစ်သူ သားစိုးက ရှင်းပြပါတယ်။

သားစိုးရဲ့သား ပန်းသီးလေးရဲ့ မွေ့ပျော်ရာကစားစရာ ဇာတ်ကောင်အကြောင်း ဓာတ်ပုံရိုက်ကူးမှုအတွက် သားစိုးတို့အိမ်မှာ ရိုက်ကူးတဲ့အခါမှာလည်း သာမန်လူကြီးတစ်ဦးတောင် အမျိုးအမည်မသိနိုင်တဲ့ Star War ပစ္စည်းမျိုးစုံကို တွေ့ရတာကြောင့် ပန်းသီးလေးရဲ့ Star War အပေါ် ရူးသွပ်မှုကို တွေ့ရပါတယ်။ Star War ဇာတ်ကောင်တို့ရဲ့ အိုက်တင်နဲ့အတူ ပန်းသီးလေးရဲ့ ချစ်စဖွယ်ဟန်ပန် တချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

P-054
ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here