ရွှေပေါက္ကံ မြို့ နယ်တွင် ပြုလုပ်ခဲ့သော သဘင်သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ကျပ်သိန်း ၃ဝ ကျော်ရရှိ

0
223

gh

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ သဘင်သက်ကြီးများအား ပူဇော်ကန်တော့နိုင်ရန် ရန်ပုံငွေစုပေါင်း ပဒေသာကပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီက ရွှေပေါက္ကံ မြို့နယ်၊ မင်းထူးကျော်ရပ်ကွက် ဈေးပွဲတော်ကြီးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ရန်ပုံငွေစုပေါင်းပဒေသာ ကပွဲကြီးတွင် စံပြသဘင်မှ ဟန်ဇာ မိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်း၊ ရဲမိုးသဘင်မှ ရဲမိုး၊ မိုးစက်၊ နေဇာမင်း၊ ဂျွန်မိုး တို့နှင့်အတူ ချစ်စွမ်းသာ၊ နေခြည်ငြိမ်း ချမ်းတို့ကကပြခဲ့သည်။ ထို့အပြင် အင်ပါယာ အငြိမ့်အဖွဲ့၊ မေတ္တာရွှေစင် အငြိမ့်အဖွဲ့၊ ရွှေ တောင်ပျံအငြိမ့်အဖွဲ့တို့က ပရိသတ်များကို ဟဒယရွှင်ဆေး တိုက်ကျွေးခဲ့ ကြသည်။ အဆိုပါနေ့ ရန်ပုံငွေဖျော် ဖြေပွဲမှ ရရှိငွေမှာ ငွေကျပ် ၃၂ သိန်း ရရှိခဲ့ပြီး ငွေကြေးအားလုံးကို သဘင် သက်ကြီးများ ပူဇော်ကန်တော့နိုင်ရန် ရန်ပုံငွေအဖြစ် ထားရှိသွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါရန်ပုံငွေ ပွဲကိုတော့ မြန်မာနိုင်ငံသဘင်ပညာ ရှင်များ အစည်းအရုံး (ဗဟို) နှင့် လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီ (ဗဟို) မှ ကြီးမှူးကျင်းပခြင်းလည်း ဖြစ်သည်။

” ဖျာလက်မှတ်တွေ၊ ရုံဝင်ခတွေ ရော၊ ပြီးတော့ အစ်မတို့ရဲ့ တစ်ည အနုပညာအခကြေးငွေတွေရော အပါအဝင် လှူဒါန်းခဲ့ကြတာပါ။ဇာတ်အဖွဲ့သားတွေရဲ့ တစ်ည အနု ပညာ အခကြေးငွေတွေလည်း ပါ ပါ တယ်။ အဖွဲ့သားတွေကလည်း ည ကြေး မယူခဲ့ဘူး။ သူတို့ကလည်း လှူ ကြတယ်++ ဟု စံပြသဘင်မှ တင်ဇာ မိုးဝင်းက ပြောသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ မိုးကောင်းဘုရားပွဲတော် ကြီးတွင်လည်း ရန်ပုံငွေ စုပေါင်း ပဒေသာကပွဲကြီးကို ထပ်မံပြုလုပ် သွားဦးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေ့ ရန်ပုံငွေဖျော်ဖြေပွဲတွင် လည်း စံပြသဘင်နှင့်အတူ အခြားအနုပညာရှင်များလည်း လာရောက် ဖျော်ဖြေကြမည်ဖြစ်သည်။ စံပြသဘင် အနေနှင့် ရွှေပေါက္ကံတွင်ပြုလုပ်ခဲ့သည့် ရန်ပုံ ငွေ ဖျော်ဖြေပွဲနှင့် မိုးကောင်း ဘုရား ပွဲတော်ကြီးတွင်ပြုလုပ်မည့် ရန်ပုံငွေ ဖျော်ဖြေပွဲ ဇာတ် ၂ ညစာကို သဘင်သက်ကြီးပူဇော်ပွဲအတွက် လှူ ဒါန်းခဲ့ခြင်းဖြစ်သည်။ သဘင်သက်ကြီး ပူဇော်ပွဲကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၃ ရက်နေ့ တွင် မင်္ဂလာဒုံရှိ မြို့ရွှေမန်းသားဖိုးချစ် ၏ သဘင်ခြံတွင် အစည်းအဝေးပြုလုပ် သွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ် ဆန်းလောက်တွင် ပြုလုပ်သွားနိုင် မည်ဟုလည်း သဘင်လူမှုကူညီ စောင့်ရှောက်ရေး (ဗဟို) အတွင်းရေးမှူး ဒေါ်တင်ဇာမိုးဝင်းက ပြော သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here