ဆင်ဆာအဖွဲ့ကို မရှိစေချင်လို့ ဖျက်မယ်ဆိုရင် ဆင်ဆာအဖွဲ့ကို ဖွဲ့ထားတဲ့ဥပဒေကို အရင်ပြင်ရမလို ဖြစ်နေပါတယ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း

0
144

lu-min-2-copy

ရုပ်ရှင်ဥက္ကဋ္ဌဦးလူမင်းကတော့ ဒီဇင်ဘာလ ၁ဝရက်နေ့က ပြန်ကြား ရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာန မှာ တွေ့ဆုံစဉ် ဒီဇင်ဘာလ ၉ရက်နေ့ က ထုတ်လုပ် သူ၊ ဒါရိုက်တာစတဲ့ ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးဖို့ထွက်ပေါ်လာတဲ့ ဆင်ဆာအရေး ကိစ္စနဲ့ပတ်သက်တဲ့ အချက်(၅)ချက်ကိုတင်ပြခဲ့ပါတယ်။ အဲဒီတင်ပြမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဆီက ပြန် လည်ေ ဆွးနွေးလာတဲ့ အချက်တွေကိုတော့ အခုလိုပဲ ပြောပြပေးခဲ့ပါတယ်။

“ဒီဇင်ဘာလ ၁ဝရက်နေ့က ဝန်ကြီးနဲ့ တွေ့ခဲ့တယ်။ ဝန်ကြီးနဲ့ တွေ့ရင် ချက်ချင်းတင်ပြနိုင်အောင်လို့ ဒီဇင်ဘာလ ၉ရက်နေ့မှာ ထုတ် လုပ်သူ၊ ဒါရိုက်တာတွေ ချက်ချင်းခေါ်ပြီး ဆွေးနွေးကြတယ်။ ဆွေး နွေးကြတော့ တောင်းဆိုတာ (၅)ချက်ရှိပါတယ်။ ဆင်ဆာအဖွဲ့ မရှိေ ရး၊ ဖြတ်တောက် ရန်မဟုတ်ဘဲ ထောက်ညွှန်ချက်သာပေးဖို့၊ rating system ကိုသွားဖို့၊ ထောက်ညွှန်လည်း ထောက်ညွှန်တဲ့ သူက ဘယ်သူလဲဆိုတာ အတိအလင်း ဖော်ထုတ်ပြဖို့၊ ဖြတ်တောက်ရင်လည်း ဖြတ်တောက်တဲ့ ကိစ္စတွေကိုrating system လုပ်ခွင့်ရှိဖို့၊ ဝန်ကြီးကတော့ မြန်မာ့ရုပ်ရှင် ဒီမိုကရေစီရက် သတ္တပတ် (နိုင်ငံတော်အကျိုးပြုကား) ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ ညှိနှိုင်းဆွေးနွေးတာပါ။ အဲဒီအကြောင်း ဆွေးနွေးရင်းနဲ့ ကျွန်တော်က ထုတ်လုပ်သူတွေ၊ ဒါရိုက်တာ တွေတောင်းဆိုတဲ့ အချက် (၅)ချက်ကိုအဲဒီအတိုင်းပဲ ဝန်ကြီး ကို တင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ တောင်းဆိုတဲ့ အချက်(၅)ချက် ရဲ့အဖြေကို ပြန်ပြောရမယ်ဆိုရင်တော့ ဆင်ဆာအဖွဲ့ မရှိသင့် ဆိုတဲ့စကားရပ်မှာ ဆင်ဆာအဖွဲ့က လက်ရှိတည်ဆဲဥပဒေ အရ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ဆင်ဆာအဖွဲ့ကို မရှိစေချင် လို့ ဖျက်မယ်ဆိုရင် အဲဒီဆင်ဆာအဖွဲ့ကို ဖွဲ့ထားတဲ့ ဥပဒေ အရင်ပြင် ရမလို ဖြစ်နေပါတယ်။ မရှိသင့်ဘူး၊ ရှိသင့်တယ် ဝန်ကြီးက မငြင်း ပါဘူး။  rating system နဲ့သွားဖို့ဆိုရင်လည်း အခုက တည်းကစပြီး ကြိုတင်လေ့လာပြင်ဆင်ထားကြဖို့ rating  ဆိုတာက အသက် ဘယ်နှစ်နှစ်အောက် ကြည့်ခွင့်မရှိ၊ ကြည့်ခွင့်ရှိတယ်လို့ပဲ လူတွေကအကြမ်းဖျင်းသိထားတယ်။  rating system ကတစ်ခုမှာက အချက်အလက်ပေါင်းအများကြီးရှိပါ တယ်။rating  ဆိုတာ ဆင်ဆာအဖွဲ့မရှိတော့ဘူး ဆိုပေမယ့် ခေါင်းစဉ်ပြောင်း လိုက်တာပါ။ rating  စနစ်ကိုသွားဖို့ ကြိုးစားကြ မယ်။ ထောက်ညွှန် တဲ့သူတွေကို ဘယ်သူဘယ်ဝါ ထောက်ညွှန် လဲဆိုတာ အမည်နာမထုတ်ဖော်ပြောကြား ဖို့ တောင်းဆိုတဲ့နေရာ မှာတော့ ဆင်ဆာအဖွဲ့ သည်လွတ်လပ်စွာဆုံးဖြတ်ချက်ဆိုတဲ့နေရာမှာ ကန့်သတ်ချက်ဆို တဲ့စကားရပ်ပါပါတယ်။

ဒါကလည်း ဥပဒေမှာ ပါဝင်တယ်လို့ ပြောပါတယ်။ ဘယ်သူ ဘယ်ဝါက တစ်ဦးချင်းထောက်တာ၊ ဦးနီကတော့ ထောက်တာ၊ ဦးဖြူကေ ထာက်တယ်ဆိုတာကို သူတို့က ကြေညာခွင့် မရှိပါဘူးလို့ ဆင်ဆာ အဖွဲ့ဝင်ဝန်ကြီးတစ်ယောက်က ရှင်းပြပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ တောင်းဆိုတဲ့အချက်မှာ ထောက်တဲ့ ညွှန်းတဲ့အချက် တွေကို ပြန်လညcomplain  လုပ်ခွင့်ဆိုတဲ့နေရာမှာ လက်ရှိတည် ဆဲဥပဒေမှာ ကိုက ပါပြီးသားပါ။ ထောက်ညွှန်းတဲ့ အချက်တွေကို မကျေနပ် လို့ရှိရင် ဆင်ဆာအဖွဲ့တွေကို အယူခံဝင်ခွင့်ဆိုတာ နည်း ဥပဒေမှာလည်း ပါပြီးသားလို့ ပြောပါတယ်။ ဒါကလည်း ပြန်ပြီးတော့ complain တက်ခွင့်ရှင်းပြခွင့် ပြန်ရမယ်လို့ ပြောပါ တယ်။ အားလုံးကို ခြုံပြီးပြောရ ရင်တော့ ကျွန်တော့်အရေးဖြစ် အောင် တောင်းဆိုလိုက်တာက အခုဖြတ်တောက်ဖို့ စာရင်းကျပြီး သားကားတွေကိုလည်း ပြန်လည် သုံးသပ်ပြင်ဆင်ပေးဖို့ရှေ့ လျှောက်ကိုလည်း အတတ်နိုင်ဆုံးတတ်နိုင်သမျှ ဖြေလျှော့မှုတွေ၊ လွတ်လပ်မှုတွေပေးဖို့ ကျွန်တော်တို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ နောက်တစ်ခုဝန်ကြီးအကြံပေးတာကတော့ ဆင်ဆာအဖွဲ့က ထောက်ညွှန် ဖြတ်တောက်တယ်။ ဖြတ်တဲ့ သူကလည်းမဖြတ်ချင် ဘူး။ ကြားအဖွဲ့ တစ်ဖွဲ့လိုမျိုး၊ အကြံÓဏ်ပေးနိုင်မယ့် နောက် တစ်ဖွဲ့ဖွဲ့ရင်ကောင်းမလားလို့ ဝန်ကြီးက အကြံ ဥာဏ်ပေးတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here