မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းမြန်မာ့ဓလေ့ရိုးရာ အနုပညာရှင် သက်ကြီးဝါကြီးများ အလေးအမြတ်ထား ပူဇော်ကန်တော့ အစဉ်အလာ

0
290

phayrr-shitt-khoe-1-copy

သီတင်းကျွတ် အချိန်အခါ ဟာဆိုရင်ဖြင့်မြန်မာတို့အတွက် အထွတ်အမြတ်ထားရာလ တစ်လပဲ ဖြစ်ပါတယ်။ ဒီကာလမှာ တော့မြတ်နိုး တန်ဖိုးထားဖွယ်ရှေးအ စဉ် အဆက်ကတည်းက ပြုလုပ်ခဲ့တဲ့ ဓလေ့လေး တစ်ခုလည်းရှိပါတယ်။ ဒီဓလေ့ကတော့ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ လူကြီးသူမများ ကိုလူငယ်များကဂါရဝတရားနဲ့အ ညီလက်စုံမိုးကာအပြစ်လုပ်မိသမျှ   ကျေစေလိုတဲ့စိတ်ဆန္ဒတွေနဲ့အညီ   ရှိခိုးကန်တော့ကြလေ့ရှိတာပါ။ဒီလို ဓလေ့နဲ့အညီအနုပညာလောကမှာ လည်းသက်ကြီးဆရာသမားတွေ၊ သက်ကြီးအနုပညာရှင်တွေ ကို လူငယ်၊ လူရွယ်များကမင်္ဂလာတရား တော်နဲ့အညီရှိခိုးကန်တော့ကြတဲ့ သက်ကြီး ပူဇော်ပွဲတွေကိုပြုလုပ် လေ့ရှိပါတယ်။

ဇွန်လအတွင်း မှာတော့ နှစ်စဉ်ပြုလုပ်နေကြ ဖြစ်တဲ့ ဂီတသက်ကြီးပူဇော်ပွဲကို ပြုလုပ်ခဲ့ ပါတယ်။ နိုဝင်ဘာလထဲမှာတော့ လူရွှင်တော် သက်ကြီးပူဇော်ပွဲကို လူရွှင်တော်အသင်း (ရန်ကုန်)မှဦးစီးကာပြုလုပ်ခဲ့ကြပါတယ်။

phayrr-shitt-khoe-2-copy

“အင်မတန်မှ ဝမ်းသာစရာ ကောင်းပါတယ်။ ကိုယ်လည်း ကန်တော့ခံရတဲ့အတွက်ဝမ်းသာ တယ်။ ဦးတို့ သက်ကြီးအနုပညာရှင်   တွေဟာ ကျဆုံးခြင်းအတွက်ပြင်ဆင် တဲ့သူတွေရှိသလိုကျဆုံးခြင်းအတွက် မပြင်ဆင်ကြတဲ့သူတွေလည်းရှိ တယ်။အဲဒီ့ အတွက် ဒီအထောက်အပံ့ အနေနဲ့ ကန်တော့ခံလေးတွေဟာသူ တို့ အတွက်ဝမ်းမြောက်ပျော်ရွှင်စရာ လေးတွေဖြစ်ကြတယ်” လို့လူရွှင် တော် သက်ကြီးပူဇော်ပွဲကိုတက် ရောက်လာတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီက ပြောပါတယ်။ ဒီပွဲကိုတော့ ဝါရင့်လူရွှင်တော်များအပြင် မျိုးဆက် သစ်လူငယ် လူရွှင် တော်တွေ အများအပြား တက်ရောက်ဂါရဝပြု ခဲ့ကြပါတယ်။ လူငယ် နဲ့လူကြီးတစ်ဦး နဲ့စကားတွေ  ပြောမဝ ၊ဆုံးမစကား တွေနာယူကြနဲ့အဲဒီ့လူရွှင်တော်သက် ကြီးပူဇော်ပွဲဟာလည်း အလွန်ကို ကြည်နူးစရာကောင်းခဲ့ပါတယ်။

phayrr-shitt-khoe-copy

လူရွှင်တော်သက်ကြီးပူဇော်ပွဲ ကိုအခုလိုအခမ်းအနားနဲ့ပြုလုပ်ခဲ့သလိုပဲသီတင်းကျွတ်အချိန်အခါသမယမှာသက်ကြီးလူရွှင်တော်ကြီးတွေ ရဲ့နေအိမ်ကိုသွား ရောက်ကာကန် တော့ကြတဲ့လူငယ်လူရွှင်တော်တွေ လည်းအများကြီးရှိပါတယ်။လူရွှင် တော် သက်ကြီးပူဇော်ပွဲ အပြီးမှာတော့ ရုပ်ရှင်သက်ကြီးပူ ဇော်ပွဲကို အောက်တို ဘာ ၁၃ရက်နေ့  မြန်မာ့ ရုပ်ရှင်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကိုရန်ကုန်မြို့၊ဝင်္ကပါလမ်း မှာရှိတဲ့မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှာပဲပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့အရင်နှစ်ကထက် သက်ကြီးတွေထပ်တိုးလာခဲ့ပါတယ်။

“ဘဘပြောချင်တာကတော့ အခု လူငယ် အနုပညာရှင်လေးတွေ ဘဘတို့လိုသက်ကြီးတွေအပေါ်မှာ ရိုသေလေးစားမှုရှိကြ တာကိုတွေ့ရ တော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်းချစ်ချစ်ခင်ခင်နေထိုင် သွားပြီးတော့ဖြတ်သန်းကြပါ လို့ပြောချင် ပါတယ်” လို့ရုပ်ရှင် သက်ကြီး ပူဇော်ပွဲကိုရဟန်းဝတ်နဲ့ တက်ရောက်လာတဲ့အသက်၇၅နှစ်ရှိ ပြီဖြစ်တဲ့အရှင်ဆန္ဒိမာ(ဦးစောနိုင်ရှမ်း ပြည်)က ပြောပါတယ်။ နှစ်စဉ်ပြု လုပ်တဲ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ က တော့အခုနှစ်မှာလည်းသက်ကြီး အနု ပညာရှင်တွေကိုဂါရဝ လာပြုကြ တဲ့လူကြီး၊လူငယ်တွေနဲ့စည်ကား မြဲဖြစ်ပါတယ်။

“ဒီလိုမျိုး ကန်တော့ခွင့်ရတဲ့အ တွက်တအားဝမ်းသာပါတယ်။နောက် နှစ်မှာလည်း ဘိုးဘိုးဘွားဘွားတွေ  ကိုအကုန်လူစုံကျန်းကျန်း မာမာနဲ့ပြန် လည်ပြီးဂါရဝပြုခွင့်ရချင်ပါတယ်။ကိုယ့်ရဲ့ အနန္တဂိုဏ်းဝင်ဆရာသမား တွေပါ။ ရုပ်ရှင်ကဒီဘိုးဘိုးဘွားဘွားတွေ ဖြစ်တည်ခဲ့လို့ ကိုယ်တွေ့ရပ် တည်နိုင်ခဲ့တာလေ။ အဲဒီ့အတွက် ကျေးဇူးတင်ပါတယ်” လို့ သက်ကြီး ပူဇော်ပွဲမှာသက်ကြီး အနုပညာရှင်   တွေ ကိုလာရောက်ဂါရဝပြုတဲ့အေး မြတ်သူကပြောပါတယ်။ ဒါ့အပြင် သက်ကြီးအနုပညာရှင်ကြီးတွေရဲ့ နေအိမ်များ အထိသွားရောက် ပြီး ဂါရဝပြုကန်တော့ကြတာတွေလည်း အများကြီးပါ။သဘင်ပိုင်းမှာဆိုရင် လည်းဒီလိုအချိန်ကာလရောက်ပြီဆိုတာနဲ့ ဆိုင်ရာဆိုင်ရာ ဇာတ်အဖွဲ့ အ တွင်းမှာသက်ကြီးပူဇော်ပွဲများကိုမမေ့ မလျော့ပြုလုပ်ကြလေ့ရှိပါတယ်။ ဇာတ်အဖွဲ့အတွင်း သက်ကြီးသဘင် ပညာရှင် ကြီးတွေကိုခေါင်းဆောင် မင်းသားကဦးဆောင်ကာ ဇာတ် အဖွဲ့သားတွေနဲ့ အတူတူပျော်ပျော်ပါး ပါးကန်တော့ကြလေ့ရှိကြတာပါ။

 “ရွှေမန်းသဘင်ကြီးရဲ့အစဉ် အလာနှင့်အညီ ယခုကဲ့သို့သီတင်း ကျွတ်လပြည့်ရက်ခါသမယမှာ စင်မြင့် ထက်၌အသက်ဝါအရဆင့်ကဲ ဆင့် ကဲကန်တော့ကြပါတယ်။ အင်မတန် ကြည်နူးကြရပါတယ်။ အထူးသဖြင့် မိဘဘိုဘွားနဲ့ဝေးကွာနေကြရှာတဲ့ ကျွန်တော်တို့ ဇနီးေ မာင်နှံရဲ့ရင် နှစ်သည်းခြာသားသမီးတပည့်လေး များခမျာ ဆရာသမား ကို မိဘတမျှ ဂါရဝပြုတယ်။သူတို့ လေး တွေရဲ့ ချွေးနှဲ စာလေးေ တွ ကိုမသုံးစေ ချင်လို့အတန်တန်တားတဲ့ ကြားက တားမရအောင် ဂါရဝပြုကြရှာပါ တော့တယ်။ ကျွန်တော်တို့ကလည်း မုန့်ဖိုးလေးေ တွပြန်ပေး တော့ဝမ်းသာ နေလိုက်ကြတာကျွန်တော်တို့ မှာမျက်ရည်ဝဲတမျှပီတိဖြာခဲ့ရပါ တော့တယ်”လို့ ရွှေမန်းချမ်းသာက ပြောပြခဲ့ပါ တယ်။ ဒါ့အပြင် နှစ်စဉ် နှစ်တိုင်းပြု လုပ်လေ့ရှိတဲ့ သဘင် သက်ကြီးပူဇော်ပွဲကိုလည်း မကြာခင် မှာစည်ကားသိုက်မြိုက်စွာကျင်းပနိုင် ဖို့ မြန်မာနိုင်ငံသဘင် အစည်း အရုံး(ဗဟို)မှစီစဉ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် လည်းမြန်မာတို့ရဲ့ရိုးရာဓ လေ့ဖြစ်တဲ့သက်ကြီးဝါကြီးတွေ ကို အလေးအမြတ်ထားပူဇော်ကန်တော့ ကြတဲ့အစဉ်အလာကိုနောင်မျိုး ဆက် သစ် လူငယ်တွေအနေနဲ့ လက်ဆင့် ကမ်းနိုင် ကြစေဖို့နဲ့ တစ်နေ့ တစ်ရက် ပင်ကြီးလင့်ကစား ပြစ်မှား မစော် ကားမိစေဖို့ရည်ရွယ်ရော်သန်ကာ ရေးသားလိုက်ရပါတော့တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here