၂ဝ၁၆ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြသော နိုင်ငံတကာ အနုပညာရှင်များ

0
226

_mg_2506၂၀၁၆ ခုနှစ် ဇာတ်ခုံကြီး ကတော့ ပွဲပြီးလို့ ပြည်ဖုံးကား ကန့်လန့် ကာချလိုက်ပါပြီ။ ဒီနှစ်ထဲမှာ ပွင့်လင်း တိုးတက်လာမှုတွေနဲ့ အတူ နိုင်ငံ တကာက အနုပညာရှင် တွေလည်း မြန်မာနိုင်ငံကို လာ ရောက်ခဲ့ကြတယ်။ ဒီက အနု ပညာရှင်တွေနဲ့ ပေါင်းပြီးရုပ်ရှင် ဇာတ်ကားတွေ ဖန်တီး ကြတယ်။ နိုင်ငံတကာ ကကမ္ဘာကျော် အဆို တော်တွေ လာရောက် ဖျော်ဖြေကြ တယ်။ တခြားနယ်ပယ်က ဆိုရင် လည်း MMA One Championship က မြန်မာပြည်ဖွား အောင်လ အန်ဆိုင်းရဲ့ ယှဉ်ပြိုင် ထိုးသတ်မှု တွေကို ကြည့်ရှု ခံစားခဲ့ကြရတယ်။ ၂ဝ၁၆ ခုနှစ် အတွင်း ပေါ်ပြူလာ ဂျာနယ်က ရိုက်ကူး မှတ်တမ်းတင် ထားတဲ့ နိုင်ငံ တကာမှ လာရောက်ကြ တဲ့ ကြယ်ပွင့် တို့ရဲ့ ပုံရိပ်တွေနဲ့ သူတို့ပြော ခဲ့တဲ့ အမှတ်တရ ဖြစ်စရာ စကားသံ တချို့ကို ကုန်ဆုံးသွားတဲ့ ၂ဝ၁၆ ခုနှစ် အမှတ်တရ အဖြစ် ဖော်ပြ တင်ဆက်လိုက်ပါတယ်။

aung-laမတ်လ ၁၈ ရက်နေ့ သုဝဏ္ဏ အားကစားကွင်း တွင် ကျင်းပခဲ့သော One Championship ပြိုင်ပွဲ၌ အီဂျစ်နိုင်ငံသား မိုဟာမက်အလီ အား အနိုင်ယူ အပြီး မြန်မာ့ စပါး ကြီးမြွေ အောင် လအန်ဆိုင်း ပြောသောစကား

“ဒီနိုင်ပွဲက ကျွန်တော့်ရဲ့နိုင်ပွဲ မဟုတ်ပါဘူး။ မြန်မာပြည် ရဲ့နိုင်ပွဲပါ။ မြန်မာတွေ အားလုံး ပေါင်း စည်း ပြီး တော့ လုပ်မယ် ဆိုရင် ဘာ ပဲဖြစ်ဖြစ် အောင်နိုင်တယ်”

ဧပြီလ ၈ ရက်နေ့၊ Chatrium Hotel တွင် ကျင်းပခဲ့သော Chatrium Hotel ဖျော်ဖြေ ပွဲတွင် ဖျော်ဖြေခဲ့သော ကမ္ဘာကျော် ဖိလစ် ပိုင်အဆိုတော် Charice ၏ ပီတိ

“ကျွန်မ ဒီလို လှပတဲ့နိုင်ငံ မှာ ဖျော်ဖြေရတာ ပထမဆုံးပါ။ ဒီနိုင်ငံ ရဲ့ အစား အသောက်တွေ နဲ့ မြန် မာ ပြည်သူတွေ ရဲ့ အပြုံးတွေ ကို မြင် ရတာ တအား စိတ် လှုပ်ရှား အံ့သြမိပါတယ်”

ဇွန်လ ၂ ရက်နေ့ တွင် ပြုလုပ်သော “နာနာဘာဝ” ရုပ်ရှင် ဇာတ်ကားကြီး မိတ်ဆက်ပွဲ အတွက် မြန်မာနိုင်ငံသို့ လာရောက် ခဲ့သော ထိုင်းမင်းသမီး Miss Phatchara Thabthong ၏ မှတ်ချက်

“ဒီလို ကမ်းလှမ်း ခံရတဲ့ အတွက် ကျွန်မ ကံကောင်းပါတယ်။ မြန်မာ နိုင်ငံမှာ ပထမဆုံး ဇာတ်ကား ရိုက်ကူး ရတဲ့အတွက်တော့ ဘာသာ စကား အခက်အခဲတွေ ရှိမှာပါ။ ဒါပေမဲ့ တစ်ဖက်နဲ့ တစ်ဖက် အချိတ်အဆက် မိအောင်ရယ်၊ ရယ်စရာကောင်း အောင်ရယ် ကြိုးစား သွားမှာပါ။ နောက်ပိုင်း မြန်မာနိုင်ငံက သရုပ် ဆောင်တွေ နဲ့ အနုပညာ အလုပ်တွေ ဆက်လုပ်ဖြစ်ရင်လည်း မြန်မာ စကား ကို လေ့လာ သွားမှာပါ”

စက်တင်ဘာလ ၃ ရက်နေ့က “ရိုက်စား” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန် အတွက် လာရောက်ခဲ့ သော အင်္ဂလန် မင်းသမီး  Libby Jennings ၏ မြန်မာပြည် ခရီးစဉ် မှတ်တမ်း

“ကျွန်မရဲ့ မြန်မာပြည် ၃ ကြိမ်မြောက် ခရီးစဉ်ပါ။ ဒီတစ်ခေါက် ကတော့ ရုပ်ရှင် ဇာတ်ကားအတွက် လာတာပေါ့။ မြန်မာပြည်က တအား ကို လှပတော့ ခဏခဏ လာချင်ပါတယ်။ အထူးသဖြင့် ရွှေတိဂုံ ဘုရားပေါ် ခဏခဏ ရောက် ချင်နေတာပါပဲ။ ရွှေတိဂုံ ဘုရား ပေါ်ရောက် တဲ့ အချိန်တိုင်းက ဘာနဲ့ မှမတူဘူးလေ။ တအားကို အေးချမ်း တယ်။ ကျွန်မရဲ့ စိတ်ထဲမှာ လည်း တစ်ခုခုကို ရရှိသလို ခံစားမိတယ်။ ကြည်နူးနေ မိတာတော့ အမှန်ပဲ။ ဘုရားပေါ် ရောက်လို့ တစ်နေရာရာ မှာထိုင်ပြီး ဆည်းလည်း သံလေးတွေ နားထောင်ရတာကို လည်း နှစ်သက် တယ်။ တအား အေးချမ်းပါတယ်။ ဘုရားပေါ်တက် တဲ့အခါ ဖိနပ် မဝတ်ရ၊ စကတ်တိုမဝတ်ရ၊ ခြေအိတ် မစွပ်ရ ဆိုတဲ့ စည်းကမ်းလေးတွေ ကလည်း မြန်မာ့ ယဉ်ကျေးမှု အရ ချစ်စရာကောင်း တယ်ဆိုတာ သွား တွေ့ရပါတယ်”

အောက်တိုဘာလ ၇ ရက်နေ့၊ သုဝဏ္ဏ အားကစား ရုံတွင် ကျင်းပခဲ့သော MMA One Champion Ship ပြိုင်ပွဲ၌ ပိုလန်နိုင် ငံသား မိုက်ကယ် ပတ်စ်စတားနက်အား ယှဉ်ပြိုင် ထိုးသတ် အနိုင် ယူပြီးနောက် အားပေးခဲ့သော မြန်မာ ပရိသတ် တို့အတွက် အောင်လ အန်ဆိုင်း မှ ပြောစကား

“အခု ကချင်ပြည်နယ်မှာ စစ်တွေ ဖြစ်နေတယ်။ အဲဒါကို ကူညီနိုင် သလောက် ကူညီကြပါ။ မြန်မာလူမျိုး အားလုံး စု ပေါင်းလုပ်ရင် ဘာမ ဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော် တအား ဝမ်းနည်းတယ်။ စိတ်မကောင်းဘူး။ ကျွန်တော်တို့ မြန်မာ အချင်းချင်း၊ ကိုယ့်သွေးချင်း စစ် တိုက်နေတာ မြင်ရတော့ ကျွန်တော် စိတ်ညစ်တယ်။ အဲဒီလို ကိုယ့်သွေးချင်းတွေ စစ် မတိုက်ဖို့ တိုက်တွန်း ချင်ပါတယ်။ ငြိမ်းချမ်းရေးက အကောင်း ဆုံးပေါ့။ အားလုံး လက်တွဲပြီး အကောင်းဆုံး လုပ် ကြရင် ကျွန်တော် တို့ မြန်မာပြည်က တအား တိုးတက်သွား မှာပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် ကျွန်တော် အမြဲတမ်း ဆုတောင်းပါတယ်”

အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပခဲ့သော  From Bangkok to Mandalay  ရုပ်ရှင် ဇာတ်ကား မိတ်ဆက်ပွဲ အတွက် မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သော ထိုင်းမင်းသမီး Naam Whan ၏ မြန်မာနိုင်ငံ အပေါ် အမြင်

“ဒီကိုရောက်တော့ မြန်မာနိုင်ငံ ရဲ့အလှအပတွေကို မြင် လိုက်ရတယ်။ တအားကို အံ့သြ သဘောကျသွားတယ်။ သရုပ်ဆောင် တစ်ဦး အနေနဲ့ မဟုတ်ဘဲ ခရီးသွားတစ်ဦး အနေနဲ့ ထပ်လာဦးမှာပါ။ မြန်မာနိုင်ငံက တအား လှတဲ့ ရှုခင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခု ဆိုတာကို ဒီနိုင်ငံမှာ ရုပ်ရှင် ရိုက် ကူးရင်း သိလိုက် ရတာကြောင့်ပါ”

marioနိုဝင်ဘာလ ၁၄ ရက်နေ့၊ Pen-shoppe Myanmar က ပြုလုပ်တဲ့ ဖက်ရှင်ရှိုးပွဲသို့ တက်ရောက် လာသော ထိုင်းမင်းသား Mario Maurer ပြောစကားမှ ကောက်နုတ်ချက်

“ဒုတိယ အကြိမ် လာရောက်တာဖြစ်ပြီး ကျွန်တော့် Fan တွေနဲ့ တွေ့ခွင့် ရတော့ ပျော် တယ်။ မြန် မာနိုင်ငံ နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဝင် တစား နှစ်သက်မိတာက မြန်မာ လူမျိုးတွေရဲ့ ယဉ်ကျေးမှု နဲ့ နွေးထွေး ပျူငှာတဲ့ ဆက်ဆံရေး တွေပါပဲ။ အခုလို နွေးထွေး ပျူငှာမှု မျိုးတွေက ဘယ်မှာမှ ရှာမတွေ့နိုင် ဘူးလို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် မြန်မာပြည်ကို ကျွန်တော် တအား သဘောကျတာပါ။ ကျွန်တော် ပထမ အကြိမ် ရောက် တုန်းကလည်း မြန်မာ့ရိုးရာ အစား အစာ ဖြစ်တဲ့ မုန့်ဟင်းခါးကို မြည်းစား ကြည့်ဖူးတယ်။ ကျွန်တော် မုန့်ဟင်းခါး ကို တအား ကြိုက် သွားမိတယ်။ တကယ်ကောင်းတဲ့ အစားအစာ တစ်ခု ပေါ့ဗျာ။ ကျွန်တော့် သူငယ် ချင်းတွေ မြန် မာပြည်ကို လာလည် ကြတာတွေရှိ တယ်။ သူတို့က သူတို့လည်ပတ်ခဲ့တဲ့ နေရာတွေ ကို ဓာတ်ပုံတွေ နဲ့ ပြပြီးတော့ မြန်မာနိုင်ငံမှာ လှပတဲ့နေ ရာတွေ ရှိကြောင်းကို အမြဲ ပြောကြတယ်။ ကျွန်တော် က မြန် မာပြည်ကို လာတိုင်း အလုပ် ကိစ္စ နဲ့ပဲဖြစ်နေတော့ သွားခွင့်မသာဘူး။ ဒါပေမဲ့ ကျွန်တော် ရန်ကုန် မြို့ထဲကိုတော့ လျှောက်လည်ချင် မိပါသေးတယ်”

_mg_2150ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သော TT & Donut ရုပ်ရှင်ဇာတ်ကား World Gala Premiere Show တက်ရောက်ရန် အတွက် မြန် မာနိုင်ငံသို့ လာ ရောက် ခဲ့သော ထိုင်း မင်းသမီး Chattarika Sittiprom  ၏ မှတ်ချက်

“ဒီဇာတ်ကား က ကျွန်မ အတွက် ပွဲဦးထွက် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား လည်းဖြစ်တယ်။ ပထမ ဦးဆုံး ရုပ်ရှင် ဇာတ်ကား ကို မြန် မာနိုင်ငံက ထိပ်တန်း မင်းသား ကိုပြေတီဦး နဲ့ ရိုက်ကူးခွင့် ရတဲ့ အတွက် လည်း ပီတိဖြစ်ရပါ တယ်။ သူက အပြင်မှာလည်း တအား ခင် ဖို့ကောင်းတယ်။ သူ နဲ့ သရုပ်ဆောင် ရတာ အတွေ့အကြုံ တွေလည်း အများကြီး ရတယ်။ ဒီနိုင်ငံမှာ ကိုပြေတီဦး ကို ချစ်ကြတဲ့ ပရိသတ်တွေ အများကြီး ရှိတာကို ထိုင်းမှာ ပွဲလုပ်တုန်းက တွေ့လိုက်ရတယ်လေ။ အဲဒီတော့ ကိုပြေတီဦး ကို ချစ်တဲ့ ပရိသတ်တွေ အနေ နဲ့ ဒီရုပ်ရှင် ဇာတ်ကားကို လာကြည့်တဲ့ အခါ တီတီကို ချစ်ကြသလို ဒိုးနပ် ကိုလည်း ချစ်ပေးပါလို့ ပြောချင်ပါတယ်(ရယ်လျက်)”


LEAVE A REPLY

Please enter your comment!
Please enter your name here