ခန့်စည်သူ ဘာဖြစ်လို့ အိမ်ထောင် မပြုဖြစ်သေးတာလဲ

0
317

khant-si-thu-copy

သရုပ်ဆောင် ခန့်စည်သူက လတ်တလောမှာ ‘ကွီးတို့ ၏မာယာ’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကား က အိမ်ထောင်ရှင်တွေ မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေ ကို ဟာသအနေနဲ့ တင်ဆက်တဲ့ ဇာတ်ကားဖြစ်ကြောင်း ပြောပါတယ်။

“ယောက်ျားဆိုတာမျိုးက အိမ်ထောင်ကျသွားပြီးပေ မယ့်လည်း မိန်းမနဲ့ နည်းနည်း ကွဲပြားခြားနားတာက အပေါင်းအသင်း နည်းနည်း မင်တယ်။ အပေါင်းအသင်းနဲ့ တွေ့လိုက်ရင် ပျော်ချင်ပါးချင်၊ သွားချင် လာချင်၊ အပြင် ထွက်ချင်တယ်။ အပြင်ထွက်ဖို့အတွက်က မုသားမပါ လင်္ကာမချော နည်းနည်း ဘက်ကီးလေးရိုက်တတ်မှ ရတာ ပေါ့။ အိမ်ထောင်အပေါ်မှာ သစ္စာမရှိတာ၊ ဖောက်ပြန်ချင် တာတော့ မဟုတ် ဘူး။ တချို့ အပျော်အပါးတွေက မိန်းမ တွေက နားလည်ပေးတာရှိတယ်။ နားမလည်ပေးနိုင်တာ ရှိတယ်။ အဲဒီလို ဇာတ်လမ်းလေးပေါ့။ ဒီ ဇာတ်ကားကတော့ ဟာသ ရသပါ။ အင်တာတိန်းမန့်အနေနဲ့ ရိုက်ကူးတာ ပါ။ ပရိသတ်ကို ကြီးကြီးမားမား Knowledge တို့၊ မက်ဆေ့ခ်ျ တို့ ပေးနိုင်တာမဟုတ်ဘူး။ ဆောင်ရန်၊ ရှောင်ရန်လောက်ပဲ တင်ပြထားတာပါ” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြ ပါတယ်။ ခန့်စည်သူ က ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ဇာတ် ကား ရိုက်ကူးဖို့ရှိသလို မျက်ခြယ် ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကား ရိုက်ကူးဖို့ရှိကြောင်း သိရပါ တယ်။ အနုပညာ အလုပ်တွေပဲ အာရုံစိုက်ဖြစ်နေတဲ့ ခန့်စည်သူကို တစ် ယောက် တည်းနေတော့မှာလား၊ အိမ်ထောင်ပြုဖို့ မစဉ်း စားသေး ဘူးလားလို့ မေးကြည့်တော့ ..

“ဘာမှမထူးခြားပါဘူး။ အရင်လိုပဲ အရင်တိုင်းပါပဲ။ လောလောဆယ်မှာ မိဘတွေက တအား အသက်ကြီးနေ တယ်။ ကျန်းမာရေးအရ လည်း နည်းနည်းယိုယွင်းလာတဲ့ အပိုင်းတွေပါတယ်။မိဘဘက်ကိုအာရုံစိုက်နေရတဲ့ သဘော ပေါ့။ ဒီရက်ပိုင်းမှာပဲ အဖေရော၊ အမေရော က ဘန်ကောက် မှာ  အဖေက နှလုံးပြန်ပြရတယ်။ အမေက ကျောက်ကပ်ပြ ရတယ်။ မိဘက သက်ရှိထင်ရှားရှိတဲ့ အချိန်မှာပဲ ပြုစု ခွင့်ရ မှာလေ။ ကျေးဇူးဆပ်ခွင့်က ဒီအချိန်လေးပဲ ရမှာဆို တော့ ရတုန်းလေးပဲ ပြုစုရမှာ။ အချိန်ပြည့်လည်း ကိုယ်က အာရုံစိုက်ပြီး   ခြေဆုပ် လက်နယ် မပြုစုနိုင်ဘူး။ ခရီးတွေ သွားရတယ်။ ဇာတ်ကားရိုက်ကူးတာတွေရှိတယ်။ ခြေဆုပ် လက်နယ်တော့ အများကြီးမပြုစုနိုင် ဘူး။ ကိုယ်တတ် နိုင်တဲ့အပိုင်းက ကိုယ်ရှိတဲ့အချိန်လေးမှာပဲ မိဘနားမှာနေ ပြီးတော့ အမေနေကောင်းရဲ့လား၊ သက်သာရဲ့လား၊ အဲဒီ လိုမျိုးလေးပေါ့။ မိဘကလည်းကိုယ့်သားသမီးကဂရုတစိုက် ရှိတော့ နည်းနည်းစိတ်ချမ်းသာတာပေါ့” လို့ အိမ်ထောင် မပြုဖြစ်သေးတဲ့ အကြောင်းကိုပြောပြပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here