ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ လှမျိုးသဉ္ဇာနွယ်

0
396

hla-myo-copy

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်က စီးပွားရေးကြောင့် ဇာတ်ကားရိုက်ကူးမှုတွေနား ထားပြီး အခုလတ်တလောမှာ ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးနေပြီး သီချင်းတွေလည်း ပြန်ဆိုနေပြီဖြစ်ပါတယ်။

“အစ်မက နားတယ်ဆိုတာ စီးပွားရေးကြောင့်နားဖြစ်တာပါ။ အခုဇာတ်ကားတွေ ပြန် ရိုက်ကူးနေပြီ။ သီချင်းတွေလည်း ဆိုဖြစ်နေ တယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့လည်းရှိ တယ်။ အစ်မတို့အရွယ်နဲ့လိုက်ပြီး ရိုက်ကူးချင်တဲ့ ဇာတ်မျိုးမရှိပေမယ့် ဇာတ်က ကိုယ့်ကို ပြန်ပြီး ရွေးချယ်သွားတာရှိတယ်။ အရင်တုန်းက ဇာတ်ကားရွေးချယ်မူတွေ ရှိပေမယ့် အခုချိန်မှာ ဘယ်ဇာတ်လာလာ ရိုက်ကူးဖြစ်တယ်။ ဘာ ပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ အကုန်လုပ်မယ်။ အဲဒီစိတ်နဲ့ ပြန်ရိုက်ကူးဖြစ်တာပါ” လို့ ပြောပါတယ်။

   လှမျိုးသဉ္ဇာနွယ်က မောင်ဖြစ်သူ သရုပ်ဆောင် စိုးသီဟ နဲ့အတူ  ဇာတ်လမ်းတွေ မရိုက်ဖြစ်သေးပေမယ့် ဓာတ်ပုံတွေတော့ရိုက်   ဖြစ်   ကြောင်းနဲ့ မောင်ဖြစ်သူအတွက် အကြံဥာဏ် ပေးဖြစ်ကြောင်း ပြောပါတယ်။

“မောင်လေးနဲ့တော့ ဇာတ်ကားမရိုက်သေး ပါဘူး။ ဓာတ်ပုံပဲ ရိုက်သေးတယ်။ အစ်မသူ့ကို အပေါ်ယံ အကြံပေးတာပဲရှိတယ်။ ဟိုဟာ လုပ် ဒီဟာလုပ်ဆိုပြီး ခိုင်းတာမျိုးမရှိဘူး။ သူကိုတော့ ပြောထားတယ်၊ ဒီလမ်းကြောင်းပေါ်မှာ ငါ့ခြေ ထောက်ပေါ် ငါရပ်တည်ပြီး လှမျိုး သဉ္ဇာနွယ် ဆိုပြီးရအောင် ငါလုပ်လာခဲ့တယ်။ နင်လည်း ငါ့လိုကြိုးစားဆိုပြီးပြောထားတယ်။ အစ်မ သူလိုအပ်တာလေးတွေကို နည်းနည်း ပါးပါး ကူညီပေးတယ်”လို့ဆိုပါတယ်။

လှမျိုးသဉ္ဇာနွယ်က အခုလတ်လောမှာMRTV 4 နဲ့ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ပြက္ခ ဒိန် ဓာတ်ပုံရိုက်ကူးနေကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here