အနှစ်၂ဝ ကြာမှ ဇာတ်မင်းသားလို ပြန်လည်ကပြဖြစ်တဲ့ သျှန်ထွန်း (မြန်မာစာ)

0
280

shan-tun-2ဒီဇင်ဘာလ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ်၊ မြန်မာ စာဌာန (၇၅)နှစ်ပြည့် စိန်ရတု သဘင်ပွဲမှာ ချစ်ချစ်ဇော် နဲ့အတူ သျှန်ထွန်း(မြန်မာစာ) က နှစ်ပါးသွား ကခဲ့ပါတယ်။ လူရွှင်တော်တွေ ကတော့ အရိုင်း၊ ဖိုးဖြူ၊ ညောင်   ညောင်၊ ငှက်ပျောကြော် တို့ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီပွဲမှာ ကျောင်းတက်တုန်း ကဘဝတွေကို ပြန်လည်ခံစားမိပြီး ဆရာတွေ၊ ဆရာမတွေ၊ သူငယ်ချင်းတွေ နဲ့လည်း ပြန်ဆုံရတဲ့ အတွက် ပျော်ရွှင်စရာကောင်းခဲ့တယ်လို့ သျှန်ထွန်း(မြန်မာစာ)က ပြောပါတယ်။

သူ့အနေ နဲ့ နှစ်ပါးသွား မက ဖြစ်ခဲ့တာ ဆိုရင် နှစ်ပေါင်း ၂ဝ ကျော် ကြာခဲ့ပြီ လို့ သိရပါတယ်။ နှစ်ပါးသွား ကိုတော့ တက္က သိုလ် ကျောင်းသား ဘဝ မှာ ကပြဖြစ်ခဲ့ပြီး ကျောင်းပြီး တဲ့ အချိန်မှာတော့ အိမ်က ဇာတ်နဲ့အတူ အမေဖြစ်သူ နောက်လိုက်ရင်း ကပြဖြစ်ခဲ့ တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက် မှာတော့ မကပြဖြစ်တော့တာ နှစ်ပေါင်း၂ဝကျော် ကြာမြင့်ခဲ့ပါ တယ်။ တက္ကသိုလ် ကျောင်းသား ဘဝတုန်းကလည်း သူငယ်ချင်းဖြစ်သူ ချစ်ချစ်ဇော်နဲ့ ပဲ ကပြဖြစ်ခဲ့တာဖြစ်ပြီး အခုပြုလုပ်တဲ့ မြန်မာစာ ဌာန (၇၅)နှစ်ပြည့် စိန်ရတုသဘင် ဖျော်ဖြေပွဲမှာလည်း ချစ်ချစ်ဇော်နဲ့ ပြန်လည် ကပြဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

“ကျွန်တော်နှစ်ပါးသွား မက ပြဖြစ်ခဲ့တာ နှစ်ပေါင်း၂ဝကျော် လောက်ကို ဖြစ်သွားပြီ။ ဒါပေမဲ့ တစ်ခု ရှိတာက နှစ်ပါး အခွေတွေကို ဒါရိုက်တာ လုပ်ပြီး ရိုက်ကူး တဲ့အခါ ကျွန်တော်က နှစ်ပါးသွား သီချင်းတွေကို ရေးတော့ ကကွက်တွေဘာတွေကို စဉ်းစားပြီးတော့ ဒိုးဆစ်တွေ နဲ့ ရေးတာပေါ့။ မင်းသားတွေ ကတဲ့ အကကို ကိုယ်က သိပ် သဘောမကျဘူး ဆိုရင် အကသင်တဲ့ ဆရာကို ပါခေါ်ပြီးတော့ ငါလိုချင်တာ ဒီ အကမဟုတ်ဘူး၊ ဒီအကမျိုး ဆိုပြီး ကိုယ်ကပါ ဝင်ကပြပြီး ပြောပြဖြစ်တယ်” လို့ သူကပြောပါတယ်။

သျှန်ထွန်း (မြန်မာစာ) ဟာ ဆိုရင်လည်း တက္ကသိုလ်မှာ သူ့ရဲ့ အနုပညာကို ဖော်ထုတ် ကြိုးစားပြီး အနုပညာလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ တက္ကသိုလ်တွေ ကနေ ထွက်ပေါ် လာတဲ့ အနုပညာရှင်တွေ နည်းပါး လာ ခဲ့ပါတယ်။ ဒီအပေါ်မှာသူ့ရဲ့ အမြင်ကို မေးကြည့်တဲ့ အခါမှာတော့..

“တက္ကသိုလ်တွေ ကနေ အနုပညာရှင်တွေ အများကြီး ထွက်ပေါ် လာစေချင်တာ ကတော့အမှန်ပဲ။ ပညာရေး ဝန်ကြီးဌာနကနေ အထက် တန်းကျောင်းတွေမှာ လုပ် ကြတဲ့စုံညီပွဲတော် လိုမျိုး၊ ကျွန်တော်တို့ ခေတ်တုန်းကလို တက္ကသိုလ်ကျောင်း တွေစုပေါင်းပြီး ပွဲတွေလုပ် ကြမယ် ဆိုရင်တော့ သိပ်ကောင်းပါတယ်။ အခုလက်ရှိ အနုပညာ လောကထဲကို ဝင်လာကြတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ ကိုယ့် နည်း ကိုယ့်ဟန်နဲ့ပဲ ဝင်လာကြတာ များတယ်လေ။ တက္ကသိုလ်တွေ ကနေပြီးတော့ ထွက် ပေါ်လာတဲ့ သူတွေ သိပ်မရှိတော့တဲ့ အခါကျတော့ ကျွန်တော်တို့အရင်ခေတ်တုန်း ကလို ပုံစံမျိုးပြန်ဖြစ်မယ် ဆိုရင်တော့ ဘယ်ကျောင်း ကနေပြီးတော့ ဘယ် အဆိုတော်၊ ဘယ်ကျောင်း ကနေပြီးတော့ ဘယ်အဆိုတော် ဆိုတာမျိုးတွေက ပြန် ဖြစ်လာမှာပါပဲ”လို့ သျှန်ထွန်း(မြန်မာစာ) ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here