ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားမှန်သမျှ ပေါ့သေးသေး တစ်ခုမှမပါဘူး နေမျိုးအောင်

0
525

nay-myo-aung

လတ်တလောမှာတော့ သရုပ်ဆောင်နေမျိုးအောင်က ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေကြောင်းနဲ့ ရိုက်ကူးနေတဲ့ ဇာတ်ကားမှန်သမျှက အပြင်လူနေမှုဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရိုက်ကူးတာဖြစ်ကြောင်း ပြောပါတယ်။

” အခုလတ်တလောမှာတော့ ဒါရိုက်တာ တင်အောင်ဇော်နဲ့ “ငှက်ဆိုး” ဇာတ်ကားရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားပြီးရင် ချောင်းသာမှာ ဒါရိုက်တာစတီး(ဒွေးမေတ္တာ)နဲ့ ရုပ်ရှင်ဇာတ် ကားရိုက်ကူးသွားမှာပါ။ ကျွန်တော့်ရဲ့အနုပညာသက်တမ်း နှစ်(၂ဝ)ကျော်သွားပြီ။ ဒါပေမဲ့ အခုချိန်ထိ ကျွန်တော်ရိုက်ကူးနေတဲ့ ဇာတ်ကားမှန်သမျှက ပေါ့သေးသေးတစ်ခုမှ မပါဘူး။ အပြင်မှာ ဖြစ်ပျက်နေတဲ့ လူနေမှုဘဝတွေကို အဓိကထား ရိုက်ကူးတယ်။ အခုချိန်ထိ ကျွန် တော်ရင်ထဲမှာရှိတဲ့ အနုပညာကို မချပြရသေးဘူး’ လို့ နေမျိုးအောင်က ပြောပါ တယ်။ နေမျိုး အောင်က သားဖြစ်သူသရုပ်ဆောင်နေတဲ့ ဇာတ်ကားတွေ ရိုက်ကူးနေပြီးသား သရုပ်ဆောင်တဲ့အချိန်မှာ သားနားမှာ မနေဖြစ်တဲ့အကြောင်းကိုလည်း ပြောပါတယ်။

” ကျွန်တော့်သားနဲ့အတူ ကျွန်တော်ဇာတ်ကား ၆ ကားလောက် သရုပ်ဆောင်ထားတယ်။ သူ့ကို ခေါင်းဆောင်အနေနဲ့လည်း တင်ရိုက်ဖို့ရှိတယ်။ ကျွန်တော့်သား နှစ်ယောက်စလုံးက အဖေ သွေးပါလို့လား မသိဘူး နှစ်ယောက်စလုံး အနုပညာဝါသနာပါတယ်။ ကျွန်တော့်သား သရုပ်ဆောင် နေတဲ့ နေရာမှာ ကျွန်တော် ဘယ်တော့မှ မနေဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ အိုက်တင်တွေ လွှမ်းမိုးသွားမှာစိုးလို့။ ဒါရိုက်တာနဲ့ပဲ ကျွန်တော် လွှတ်ပေးထားတယ်” လို့ ပြောပါတယ်။ စီးပွားရေးအနေနဲ့ ပုပ္ပားမှာ ဟိုတယ်ဖွင့်ဖြစ်သွားတဲ့အကြောင်းကို နေမျိုးအောင်က “ကျွန်တော် စီးပွားရေးအလုပ်လေးတစ်ခု လုပ်ဖို့အတွက် ပုပ္ပားမှာ ဇာတ်ကား ရိုက်သွားရင်း ခြံတစ်ခုဝယ်ထားတယ်။ ပြီးတော့ ပရိသတ်သတ်မှတ် ပေးထား တဲ့ နေမျိုးအောင်ဆိုတဲ့ နာမည်လေးနဲ့ အနုပညာကြေးရတဲ့ ငွေကိုစုပြီး နေမင်းသားဟိုတယ် ဖွင့်ထားတယ်။ ဟိုတယ်ဖွင့်ထားပေမယ့် ကျွန်တော့်အလုပ်နဲ့ ဟိုတယ်အလုပ်ကတခြားစီဖြစ်နေတော့ မန်နေဂျာတွေပဲထားပြီး ဦးစီးနိုင်တယ်။ ကျွန်တော် သွားမကြည့်နိုင်ဘူး” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here