မိုးယံဇွန် ဘာကြောင့် အေးမြတ်သူကို ကျေးဇူးတင်တာလဲ

0
263

moe-yan-zyone

မိုးယံဇွန်က “ငဘ” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားပြီး ဒီရုပ်ရှင်ဇာတ်ကားအတွက် အဝတ်အစား၊ အသားအရေကိုလည်း အေးမြတ်သူ ပေးတဲ့အိုင်ဒီယာအတိုင်း လုပ်ထားတာကြောင့် ဇာတ်ကားပြန်လည်ကြည့်ရတဲ့အချိန်မှာ သဘောကျမိတဲ့ အကြောင်းပြောပါတယ်။

” ငဘ” ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်က ကာရိုက်တာတစ်ခု အနေနဲ့ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေအတွက် ဒဿနဆန်ပါတယ်။ နိုင်ငံရေးအလှည့်အပြောင်းတွေမှာ ခံစားခဲ့ ရတဲ့ ပြည်သူတို့ရဲ့ခံစားချက်လေးတွေ တွေ့မြင်ရမယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ ကျွန်တော်ဘာသာ ကျွန်တော်ဆို ဒီလောက်ကြီး ပီပြင်မှာမဟုတ်ဘူး။ အေးမြတ်သူရဲ့ကျေးဇူးကြောင့် သူပြောတဲ့ အတိုင်း အဝတ်အစားတွေပိုပြီး ဟောင်းအောင်လုပ်ခဲ့တယ်။ သူ့အိုင်ဒီယာလေးတွေနဲ့ အသားအရေတွေကိုလည်း ညိုအောင် လုပ်ခဲ့တယ်။ ဒီဇာတ်ကားထွက်လာတဲ့အခါမှာ ကျွန်တော်ပြန် ကြည့်တော့ သဘောကျမိတယ်။ ကျေနပ်မိတယ်” လို့ မိုးယံဇွန်က ပြောပါတယ်။ မိုးယံဇွန်က ဇာတ်ကားရိုက်ကူးတဲ့နေရာမှာ သိပ်ပြီးပြင်ဆင်စရာမရှိပေမယ့် ဒါရိုက်တာနဲ့ညှိပြီး သရုပ် ဆာင်ဖြစ်ကြောင်းကို ” ကျွန်တော်ဇာတ်ကားရိုက်ရင် သိပ်ပြီးပြင်ဆင်တာ မရှိခဲ့ဘူး။ ဇာတ်လမ်းဇာတ်အိမ်ကိုကြည့်ပြီး ဒါရိုက်တာနဲ့ ညှိနှိုင်းတယ်။ ဒါရိုက်တာပြောတဲ့အတိုင်း ကျွန်တော်လုပ်ချင်တယ်။ ကျွန်တော်အိုင်ဒီယာလေးတွေများလာမှပဲ သူတို့နဲ့ညှိပြီးလုပ်တယ်” လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here