နာမည်ကျော် ဆယ့်နှစ်ဦးရဲ့ ဒိုင်ယာရီ

0
122

imm

Immortal Music Band က တစ်ခွေလုံး တီးခတ်ပြီး စီစဉ်လိုက်တဲ့ ဒိုင်ယာရီ စီးရီးသစ်ကို ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒီစီးရီးသစ်မှာတော့ နာမည်ကျော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ ဇော်ပိုင်၊ Rဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ ဝေလ၊ ဇွဲပြည့်၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ပိုပိုဟေသာတို့က သီချင်းသစ်ဆယ့်နှစ်ပုဒ်ကို သီဆိုထားကြတယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ တီးဝိုင်းအနေနဲ့ ဒီလို Band Serie လေး စီစဉ်ချင်တာ ကြာပါပြီ။ အခုဒီစီးရီးကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေ စုပေါင်းပြီး လုပ်ကြတယ်ဆိုတဲ့ သဘောလေးဖြစ်ချင်လို့ စီစဉ်လိုက်တာပါ။ ဒီအထဲမှာပါတဲ့ လူတွေ အကုန်လုံးက ညီအစ်ကိုလို၊ မိသားစုလို ရင်းနှီးကြသူတွေပါပဲ။ ဇာနည်ဆိုရင် ကျွန်တော်နဲ့ ကျောင်းကတည်းက ငယ်သူငယ်ချင်းတွေ၊ ကိုဖိုးကာတို့ဆိုရင်လည်း ဒီလောကထဲမှာ အရင်းနှီးဆုံးပေါင်းဖြစ်တဲ့ သူငယ်ချင်းတွေဖြစ်တယ်။ တခြားသူတွေလည်း အဲဒီလိုရင်းနှီးကြသူတွေပါပဲ။ ဒါကြောင့် ဒီအခွေလေးကို စုပေါင်းပြီး ဖန်တီးဖြစ်တာပါ” လို့ Immortal Music Band က ကိုဝဏ္ဏက ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here