အတွေးစူးရှ ဆန်းသစ်သော စာပေရေးဟန်တို့ဖြင့် ကဗျာနှင့် ဝတ္ထုများ သူမတူ ဖန်တီးရေးသားခဲ့သည့် မြန်မာအမျိုးသမီး စာပေအနုပညာရှင် ဆရာမ ဒေါ်ကြည်အေး ကွယ်လွန်

0
359

kyi

ခေတ်သစ်မြန်မာစာပေ လောကတွင် ရဲဝံ့သောအတွေး၊ ဆန်းသစ်သော စာရေးဟန်၊ ကဗျာ၊ ဝတ္ထုတို့ဖြင့် လူကြိုက်များ ထင်ရှားကျော်ကြားခဲ့ သည့် မြန်မာအမျိုးသမီး ကဗျာဆရာ၊ စာရေးဆရာ ဒေါ်ကြည်အေး (အသက် ၈၇နှစ်)သည် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်၆နာရီ ၄၉မိနစ်အချိန်က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Mount Sinaia ဆေးရုံ၌ ကွယ်လွန်ဆုံးပါးသွားခဲ့သည်။ ဆရာမ ဒေါ်ကြည်အေးကို ၁၉၂၉ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ကုန်သည်မိဘနှစ်ပါးမှ မွေးဖွား ခဲ့ပြီး နာမည်အရင်းမှာ ဒေါ်ကြည်ကြည်တင်မြင့်ဖြစ်သည်။ ပညာရေးတွင် အင်္ဂလိပ်စာဂုဏ်ထူးနှင့် တစ်နိုင်ငံလုံးမှ အထူးချွန်ဆုံး ၁ဝဦးထဲ၌ ပါဝင်ခဲ့ပြီး ၁၉၅၃ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ကာ သားသမီးခြောက်ဦးထွန်းကားခဲ့သည်။ ၁၉၆၁ခုနှစ်တွင် ဘီဘီစီ အသံလွှင့်ဌာန၊ လန်ဒန်၊ အင်္ဂလန် နိုင်ငံ၌ တစ်နှစ်တာအမှုထမ်းခဲ့သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၃ခုနှစ်အထိ တက္ကသိုလ် အင်္ဂလိပ်စာနည်းပြဆရာမ၊ ၁၉၇၁ခုနှစ်တွင် အမေရိကန် ပြည် ထောင်စု၊ ချီကာဂိုမြို့တွင်
အလုပ် သင်ဆရာဝန်၊ ၁၉၇၃ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ နယူး ယောက်မြို့ စိတ်ပညာ၊ Resdency အမေရိက အရှေ့မြောက်ဖျားတွင် ကထိက အထူးကုဆရာဝန်၊ ၁၉၈၆ခုနှစ်မှ၁၉၈၈ခုနှစ်အထိ စင်စင် နက်တီယူနီဗာစီတီတွင် Fellowship elinks Psychiatry, addolescent, Psychiatry and Family Psychiatry 1988 ခုနှစ်မှ ၂ဝဝ၁ခုနှစ်အထိ အင်္ဂလန်နိုင်ငံအစိုးရဆေးရုံနှင့်သီး သန့်ဆေးရုံတို့တွင် အထူးကုဆရာဝန်စသည်ဖြင့် အသီးသီးအလုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် အပြီးပြတ်လုပ်ငန်းခွင်မှ အနားယူခဲ့ပြီး ကဗျာများ၊ ဝတ္ထုများ၊ ဆောင်းပါးများ အင်တိုက်အားတိုက်ရေးသား ဖန်တီးခဲ့ပါသည်။

စာပေလောကတွင် တစ္ဆေ၊ သစ္စာသစ် ကဗျာများနှင့် နွမ်းလျ အိမ်ပြန်၊ မီ၊ ကျွန်မပညာသည်၊ တမ်းတတတ်သည်၊ တေးဖွဲ့ဆိုသီ၊ မောင်၊ ဖုန်းသက်တိုင်၊ မောင်ကိုကိုနှင့် မြနန္ဒာစသည့် လုံးချင်းဝတ္ထုများ အပါအဝင်ဘဝမှတ်တမ်းနှင့် ဘာသာတရား ရှုမြင်မှု ဘဝဒဿန လောကသဘာဝဟုဆိုရမည့် ၂ဝ၁၅ ခုနှစ်ထုတ် “ဘဝ အစွန်မှာ”နှင့် ၂ဝ၁၆ ခုနှစ်ထုတ် “ပွင့်တဒင်္ဂ”ကဗျာ လုံးချင်းစာအုပ်တို့ဖြင့် စာပေအနုပညာ သမိုင်းကမ္ပည်းရေးထိုးခဲ့သော ဆရာမဒေါ်ကြည်အေးသည် ကဗျာရော ဝတ္ထုပါ စာပေအနုပညာလက်ရာ ထင်ရှားအောင်မြင်သော အမျိုးသမီးစာပေအနုပညာရှင်ဖြစ်သောကြောင့် မြန်မာစာ ပေသမိုင်းတွင် ထူးခြားထင်ရှားဆုံးအမျိုးသမီး စာပေ၊ အနုပညာရှင်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့ တစ်ခေတ် တစ်ယောက်ဟုဆိုရမည့် အမျိုးသမီးစာပေအနုပညာရှင်ဆရာမဒေါ်ကြည်အေးကွယ်လွန် ဆုံးပါးသွားရခြင်းအပေါ် ကဗျာဆရာ၊ စာရေးဆရာမောင် စိန်ဝင်း(ပုတီးကုန်း)က…

” ကျွန်တော်တို့ ကဗျာရေးတဲ့ အချိန်မှာရော၊ ကဗျာမရေးခင်အချိန်ထိပါ ကျွန်တော်တို့ကို အလွှမ်းမိုးဆုံးကတော့ ဆရာကြီးဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်ဗျ။ ပြီးတော့ အဲဒီဆရာကြီးနှစ်ယောက်ပြီးတဲ့အချိန်မှာ ဒီလတ်လတ်ဆတ်ဆတ် တကယ်ကို ခေတ်ပေါ်အနေနဲ့ ကျွန်တော်တို့ကို လွှမ်းမိုးတာက ဆရာမကြီး ကြည် အေးရဲ့ ကဗျာတွေပါပဲ။ သူ့လုံးချင်းဝတ္ထု “တမ်းတတတ်သည်” ဆိုလို့ရှိရင် ကျွန်တော်အဲဒီအချိန်တုန်းက အစအဆုံးအလွတ်ရတဲ့အထိ ကျွန်တော်အပေါ်မှာ လွှမ်းမိုးပါတယ်။ အဲဒီတော့ဘာပဲပြောပြော ကျွန်တော် တို့ ရှေ့က နေပြီးတော့ ဆရာကြီးမင်းသုဝဏ်ပြောတဲ့ စု၊ တု၊ ပြုလိုပဲပေါ့။ ကျွန်တော်တို့ အားထား အလေး ထားပြီးတော့ အတုခိုးခဲ့ရတဲ့ဆရာမကြီးပါပဲ။ သူ့ကဗျာ တွေ အများစုက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးခဲ့ပါ တယ်။ အဲဒီတော့ သူဆုံးပါးသွားတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံစာရေးဆရာလောက စာပေလောက အတွက် ဘယ်လိုမှအစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ် ခုလို့ ကျွန်တော်အဲဒီလိုပဲ နားလည်ပါတယ်” ဟု အနု ပညာဂုဏ်ပြု အမှတ်တရစကား ပြောကြားခဲ့ပါသည်။

လင်းထိပ်သျှင်
မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here