ရုပ်ရှင်မင်းသမီးကြီးအကယ်ဒမီများရှင် ဒေါ်ခင်သန်းနုရဲ့သမီး မမြတ်သန်းနုစိုးရဲ့မင်္ဂလာဧည့်ခံပွဲ

0
608

zaw_5650-copy

ဦးခွန်မျိုးကျော်သူ+ ဒေါ်အေး အေးသန်းတို့ရဲ့သားမောင်ခွန်ရဲထက် နဲ့ ဦးမြတ်သူရစိုး ရုပ်ရှင်မင်းသမီး ကြီးအကယ်ဒမီများရှင် ဒေါ်ခင်သန်းနု တို့ရဲ့ သမီး မမြတ်သန်းနုစိုးတို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့ခင်း ၁ နာရီ က ရန်ကုန်မြို့၊ မင်္ဂလာတောင်   ညွန့် မြို့နယ်၊ အထက်ပန်းဆိုးတန်း လမ်းရှိRose Garden Hotel  မှာ ကျင်းပခဲ့ပါတယ်။

zaw_5699-copy

ဒီ မင်္ဂလာပွဲအခမ်းအနားမှာ မင်္ဂလာပန်းကြဲအဖြစ် မကြယ်စင်၊ မင်္ဂလာပန်းကုံး ကလပ်သယ်ဆောင် သူ မမေဇွန်ကျော့ရှင်း၊ မင်္ဂလာလက် စွပ်ကလပ်သယ်ဆောင်သူ မနန်း တင့်တယ် တို့က ကိုင်ဆောင်လာခဲ့ပြီး သတို့သားအရံများအဖြစ် မောင် ထက်ဝဏ္ဏအောင်၊ ဒီဇိုင်နာ မျိုးမင်း စိုးတို့က ဆောင်ရွက်ပေးခဲ့ပြီး သတို့ သမီးအရံများအဖြစ် မသင်းသီရိစု၊ မော်ဒယ်သရုပ်ဆောင် သန္တာဗို တို့ က ဆောင်ရွက်ပေး ခဲ့ကြပါတယ်။ မင်္ဂလာ သတို့သားနဲ့ သတို့သမီး ဇနီး မောင်နှံ တို့အတွက် မင်္ဂလာအောင် စံပယ် ပန်းကုံးများကို သူရဦးတင်ဦး (နာယက၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်- ဗဟို) နဲ့ ဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေ တို့က ချီးမြှင့်ပေးခဲ့ ပြီး မင်္ဂလာအောင်လက်စွပ်များကို စည်သူ အကယ်ဒမီ ဒါရိုက်တာ ဦးကြည် စိုးထွန်းနဲ့ ဇနီး ဒေါ်နုနုသိန်း တို့က ချီးမြှင့် ပေးခဲ့ကြပါ တယ်။

zaw_5652-copy

ဒီမင်္ဂလာပွဲမှာ တော့ မင်္ဂလာ အခါ တော်ပေး သီချင်းကို အကယ်ဒမီများရှင် ချိုပြုံးက သီဆိုပေး ခဲ့သလို ရန်အောင်၊ မေသန်းနု၊ မို့မို့မြင့် အောင်၊ ခင်သီ တာထွန်း၊ မေခလာ တို့ကလည်း သီချင်းများသီဆို ဖျော်ဖြေပေးခဲ့ကြ ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ သမီး မမြတ် သန်းနုစိုး ရဲ့ မင်္ဂလာ ဧည့်ခံပွဲနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ရုပ်ရှင် မင်းသမီးကြီး အကယ်ဒမီများရှင် ဒေါ်ခင်သန်းနုက..

zaw_5508-copy

“အန်တီ ပီတိဖြစ်မိပါတယ်။ အန်တီ ဖိတ်ကြားထားတဲ့ အနုပညာ ရှင်တွေလည်း တက်ရောက်ကြလို့ ဝမ်းသာပါတယ်။ ပျော်လည်းပျော်ပါ တယ်။ အခု အန်တီ့သမီးလေးတို့က တစ်ယောက်နဲ့တစ်ယောက် လေ့လာ ပြီး ချစ်ကြိုက်ကြပြီးမှ ဒီမင်္ဂလာပွဲကို ပြုလုပ်ကြတာ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြတာ ၈ နှစ် တောင် ကျော်ပြီလေ။ ဒါက အန်တီ့ အတွက် အင်မတန်မှ ကျေနပ်သွား တယ်။ သူတို့ တစ်ယောက်နဲ့တစ် ယောက် တော်တော်ကို နားလည်မှု တွေ ရှိကြတဲ့ စုံတွဲလေးတွေဖြစ်တာ ကြောင့် ပီတိဖြစ်ရတယ်။ သူတို့လေး တွေ ချစ်ခင်စုံမက်ပြီး ပေါင်းဖက်ကြ တဲ့အတွက်လည်း အန်တီ စိတ်အေး ပြီး စိတ်ချမ်းသာဖြစ်မိပါတယ်။ သမီး လေးရဲ့ မင်္ဂလာပွဲလေးကို ဆွေမျိုး သားချင်းတွေနဲ့ စုံစုံလင်လင်ပြုလုပ် ပေးရတာက မိခင်တစ်ယောက်အနေ နဲ့ အန်တီတာဝန်ကျေသွားသလို ခံစားရပါတယ်။ အန်တီ့ သမီးလေးတို့ ဇနီးမောင်နှံနှစ်ဦး မင်္ဂလာနေ့မြတ်က စပြီး ရှေ့ဆက်ဘဝတစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် အဆင် ပြေပြေ   နေထိုင်နိုင်ကြပါစေ။ ဘာ ပြဿနာပဲရှိရှိ တစ်ယောက်နဲ့ တစ် ယောက် မကွဲမကွာ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုလေးတွေနဲ့ အသက်ထက်ဆုံး ချစ်နိုင်ကြပါစေ၊ လက်တွဲနိုင်ကြပါစေ၊သားသမီး ရတနာ ကောင်းလေးတွေလည်း မွေးဖွားနိုင် ကြပါစေ” လို့ သမီးလေး အတွက် မင်္ဂလာစကား ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

zaw_5602-copy

zaw_5622-copy

zaw_5743-copy

zaw_5723-copy


LEAVE A REPLY

Please enter your comment!
Please enter your name here