ဟိုနိုလူလူကျွန်းမှာ သွားရောက်ကပြမယ့် ဝင်းသပြေထွန်း

0
179

win-thapyay-tun-1

အခုလက်ရှိမှာတော့ ဝင်းသပြေထွန်းက Ve Ve အခမဲ့ အငြိမ့်ပွဲတော်မှာ သီးလေးသီးအဖွဲ့နဲ့အတူ ခေါင်းဆောင်မင်းသမီးအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ နယ်လှည့်ကပြနေပြီဖြစ်ပါတယ်။ လှည်းကူးမှာ ကပြပြီးတဲ့နောက်မှာတော့ ဒိုက်ဦးမှာ ကပြသွားမှာဖြစ်ပြီး ၁ လကို ၃ ပွဲ ကပြသွား မှာဖြစ်ပါတယ်။ မတ်လမှာတော့ ဝင်းသပြေထွန်းက ဆရာမ ဒေါ်မမနိုင်တို့နဲ့အတူ ဟိုနိုလူလူ ကျွန်းကိုသွားရောက်ကပြကြမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ သူ့ရဲ့ မောင်လေးလည်း လိုက်ပါမှာဖြစ်ပါတယ်။

” မောင်နှမနှစ်ယောက် ပြည်ပဖျော်ဖြေရေးသွားဖြစ်တာဆိုရင် ဒီခရီးက ပထမဆုံးပါပဲ။ ညီမနဲ့ မောင်လေး နဲ့ အတွဲလေးတွေကမယ်။ “ဒဿပန်းစိုက်” အကကမယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးတို့ပေါ့။ အဲဒီအကတွေ ကမယ်လို့တော့ အကြမ်းဖျင်းရည်ရွယ်ထားတယ်။ ပြီးတော့ ရုပ်သေးနဲ့ညီမနဲ့ယှဉ်ပြိုင်ကမယ်။ မန္တလေး ကိုပြန်တဲ့အခါကျမှ ဘာကမယ်ဆိုတာ ဆရာမတို့နဲ့ ပြန်ညှိရဦးမယ်” လို့ ဝင်းသပြေထွန်းက ပြောပါတယ်။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများလည်း ရိုက်ကူးပြီးပြီဖြစ်တဲ့ ဝင်းသပြေထွန်းက ဇာတ်လမ်းတွဲတစ်ခု လည်း ရိုက်ကူးဖို့ လက်ခံထားတယ်လို့ ပြောပြပါတယ်။ မန္တလေးသူဖြစ်တဲ့သူ့အနေနဲ့ ရန်ကုန်မှာနေလိုက်၊ မန္တလေးကို ပြန်လိုက်နဲ့ပဲ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here