ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဂီတနဲ့ ပြုပြင်သွားမယ့် ကြက်ဖ

0
319

kyat-pha

အနုပညာလောကမှာ မတွေ့မြင်ရတာကြာ ပြီဖြစ်တဲ့ ကြက်ဖက ဒါရိုက်တာသြရသရိုက်ကူးတဲ့ အိမ်ကြက်ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် မှာဖြစ်ပြီး ဒီဇာတ်ကားမှာပါဝင်မယ့် ဇာတ်ဝင်ခန်း သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ပေးထား ကြောင်း သိရပါတယ်။ ဇာတ်ကား၅ကားခန့် ရိုက် ကူးခဲ့ဖူးတဲ့ ကြက်ဖက ငယ်စဉ်ကတည်းက သရုပ် ဆောင်လောကနဲ့ ရင်းနှီးခဲ့သူဖြစ်တာကြောင့် သရုပ် ဆောင်ပိုင်းက သူ့အတွက် အခက်အခဲ သိပ်မရှိပါဘူး လို့ ဆိုပါတယ်။

တေးရေး၊ တေးဆိုအဖြစ်လည်း ရပ်တည်နေ တဲ့ ကြက်ဖက မျိုးဆက်သစ်လူငယ်အဆိုတော် တွေ အတွက် တေးသီချင်းရေးစပ်ပေးဖြစ်သလို သူတို့နဲ့ပူး ပေါင်းပြီး ဂီတတွေဖန်တီးသွားဖို့လည်း ရှိကြောင်း ပြောပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ ခေတ်ရဲ့ဘေးထွက် ဆိုးကျိုးတွေကိုလည်း သူတတ်ကျွမ်းတဲ့ ဂီတအနုပညာနဲ့ ပြုပြင်သွားမှာ ဖြစ်ကြောင်းကိုလည်း ကြက်ဖက ” ဥပမာ အမှိုက်ပစ်တဲ့ ကိစ္စမျိုးတွေလို၊ နောက် ပြီး တော်တော်များများက ငါးပါးသီလ မလုံကြတော့ ဘူး။ မိဘ၊ ဆရာသမားကို မရိုသေကြ တော့တာတို့၊ မိဘဆရာသမားစကားကို နားမထောင်ဖြစ်တော့ တာတို့၊ လေးစားမှုနည်းလာတာတို့ ပြီးသွားရင် စိတ်ပိုင်းဆိုင်ရာတွေ လူတွေတအားဒေါသ ထွက် လွယ်နေတယ်။ ထိလွယ်ရှလွယ်နေတယ်။ အဲဒါတွေ အားလုံးကိုအနုနည်းလေးတွေနဲ့ ကြိုးစားပြီး ပြန် လည်မွမ်းမံပေးသွားဖို့ရှိပါတယ်။ ကျွန်တော် ငယ်ငယ်ကလည်း တအားဆိုးပါတယ်။ ဒါပေမဲ့လိမ္မာတဲ့ အပိုင်းလေးတွေလည်း ရှိပါတယ်။ ဒီဘက် အနုပညာပိုင်းမှာ ကျွန်တော်ခံစားချက်တအားပြင်းထန်တယ်။ လောကကြီးကို သိပ်အကောင်းမမြင်ဘူး။ စိတ်ကအမြဲမာထန်နေတယ်။ တစ်ခုခုဆိုလည်း တုံ့ပြန်လိုက်ရမှ ကျေနပ်တယ်။ အခုကျ တော့ အပြုံးနဲ့ ရင်ဆိုင်တတ်လာတယ်။ ခွင့်လွှတ် တတ်လာ တယ်။ နားလည်တတ်လာတယ်။ မေတ္တာထားလိုက်ရင် ကိုယ့်အတွက်လည်း ကောင်းတယ်၊ သူ့အတွက်လည်း ကောင်း တယ်ဆိုပြီး နားလည်လာတယ်။ ခေတ်ကြောင့် ရော စနစ် ကြောင့်ရော တခြား အားနည်းချက် ချို့ယွင်းချက်အကြောင်း အမျိုးမျိုးကြောင့် နည်းနည်းလမ်းချော်နေတဲ့သူတွေကို အကြံ လေးတစ်ခုပေးချင်တာပါ။ မာန၊ ဒေါသနဲ့ တုံ့ပြန်နေမယ့်အတူ တူ မေတ္တာနဲ့ တုံ့ပြန်လိုက်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် အဘက်ဘက် ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ငြိမ်းချမ်းသွားမယ် ဆိုတာကို ပြောချင်တာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here