ပခုက္ကူရွှေကူမြတ်စွာဘုရားပွဲတော်နာမည်ကျော်အနု ပညာရှင်များပါဝင်ဆင်နွှဲ

0
229

14702277_1120549027992241_3065935757778017759_n-copy

ပခုက္ကူမြို့ကျက်သရေဆောင်သမိုင်းဝင် တန်ခိုးကြီးရွှေကူမြတ်စွာ ဘုရားပွဲတော်ကြီး အားနှစ်စဉ် သီတင်း ကျွတ်လဆန်း(၁၄)ရက်မှ လပြည့်ကျော် (၁)ရက်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။

“ရွှေကူမြတ်စွာဘုရားက ပခုက္ကူသမိုင်းနဲ့ ဆက်စပ်တယ်ဗျ။ နာမည် ကျော် ပန်းပုလက်ရာ လည်းရှိတော့မြန်မာတင်မကဘူး၊ ကမ္ဘာထိ ကျော်ကြားတယ်ဗျ” ဟုပခုက္ကူဒေသခံတစ်ဦးက ပြောသည်။ ရွှေကူမြတ်စွာဘုရားကြီးသည် သီတင်းကျွတ်လပြည့်ကျော်(၁)
ရက်နေ့ ညတွင် အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၁ဝ)ရပ်ကွက်များ အထိ ဗိုလ်ချုပ်လမ်းမ တစ်လျှောက် အပူဇော် ဘခံကြွချီ တော်မူပါသည်။ ဇာဝန်း-ပုဂံဝန်းများအပြင် စည်တော်ကြီးအငြိမ့် တီးဝိုင်းကပွဲ ပျော်ပွဲရွှင်ပွဲ များနှင့် အပူဇော်ခံ ဒေသစာရီ
ကြွချီသည့် ကြိတ်ကြိတ်တိုးစည်ကား သော ပွဲတော်ကြီးလည်းဖြစ်သည်။ ရုပ်ရှင်မင်း သားကြီး ထွန်းဝေ၊ စောမြသန္တာ၊ မေသန်းနု၊ ရန်အောင်၊ ကျော်ရဲအောင်စသည့် နာမည်ကျော် အနုပညာရှင်များစွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် ဘုရားပွဲလည်းဖြစ်သည်။ ၂ဝ၁ဝခုနှစ် သည်ညီ တော် နောင်တော်မြတ်စွာ ဘုရားနှစ်ဆူလုံးဒေသ စာရီကြွချီရာ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်များ အဆိုတော်များစွာပါဝင် ဆင်နွှဲခဲ့သည့် နှစ် လည်းဖြစ်သည်။

14720588_1120549037992240_1367500686424793219_n-copy

“တစ်နှစ်ထက် တစ်နှစ်စည်ကား သိုက် မြိုက်အောင်ရပ်ကွက်အတွင်းက လူငယ်၊ လူကြီးအင်အားအလှူရှင်၊ ခရိုင်မြို့နယ် အဆင့်ရှိ သူတွေ၊ ပရဟိတလူငယ်တွေ ဆွေး နွေးတိုင်ပင်လုပ်ဆောင်ရပါတယ်။ မြေငလျင် လှုပ်တုန်းကစေတီတော်ကြီး အနည်းငယ် ပျက်စီး တယ်ဆိုပေမယ့် ကျပ်သိန်း(၅ဝဝ)နီးပါးကုန်ကျမှာပါ။ တပ်မတော်က ကျပ်သိန်း(၁၅ဝ)လှူထားပါတယ်။ ဘုရားဖူး ဧည့်သည်တွေပြည်ပက ခရီးသည်တွေ၊ အဆင်ပြေအောင်လည်းဆောင်ရွက်ပေးနေ ပါတယ်”ဟုဘုရားပွဲတော် အကျိုး တော်ဆောင် တစ်ဦးကပြော သည်။   ရွှေကူဘုရား ကြီးသည်ပုဂံပြည့်ရှင်အလောင်းစည်သူကောင်းမှုတော် ဖြစ်သည်။ ပခုက္ကူမြို့သမိုင်းနှင့် ဆက် စပ်နေသော ဘုရားကြီး လည်းဖြစ်သည်။ တစ်ခေတ် တစ်ခါက သီဟို ရှင်နည်းတူ ဘုရား ပွဲဈေးတန်းရုံဇာတ်များကပြခဲ့သည်။ ကမ္ဘာ ကျော်လက်ရာဗုဒ္ဓရုပ်စုံ ပန်းပုတံကဲလက်ရာ လည်း ရှိ၍ဘုရားဖူးဧည့်သည်များ စဉ်ဆက်မ ပြတ် လာရောက်ကြသည်။ နိုင်ငံကျော် ပန်းချီ ဆရာကြီး ဦးစောမောင် ၏ပန်းချီကား ၂ဝရှိ၍ ပြသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

14666055_1120550901325387_2528801306793958857_n-copy

ယခုနှစ်တွင် ဦးသိန်းထိုက်၊ ဒေါ်ခင်စု လတ်-ခေါက်ဆွဲ လုပ်ငန်းနှင့်အောင်မိုး သူကားပိုင်-မိသားစု မှဘုရားဒါယကာအဖြစ် ခံယူကာ ဘုရားပွဲတော်စည်ကားရေးအတွက် မင်းဦး၊ မေသဉ္စာဦး၊ သဉ္စာဝင့်ကျော်၊ မြတ်သူ ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။ လပြည့်နေ့
တွင်ဘုရားအမှူးရှိသော သံဃာ တော်အရှင် သူမြတ်(၂၅ဝဝ)ကျော် အား ဆွမ်း သပိတ်လုံး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘုရားကြီး အား အမြို့မြို့အနယ်နယ်တိုင်းမှ အလှူဒါနပြု လိုပါက ဖုန်းဝ၆၂-၂၁၅၇၆ ဝ၉-၂၃ဝ၁၆၆၉ သို့ ဆက်သွယ်စုံစမ်းကုသိုလ်ပြု လှူဒါန်းနိုင်ပါသည်။

နေဦးမောင်-ပခုက္ကူ


LEAVE A REPLY

Please enter your comment!
Please enter your name here