အမေဆိုတာ (ပြာသိုလပြည့် အမေနေ့)

0
410

amay

ကမ္ဘာဦးအစ လူသား နှစ်ဦး အာဒံနဲ့ဧဝကို ထာဝရဘုရားအရှင်သခင်က ဖန်ဆင်းခဲ့တာနော်။ ဧဝဟာ ကမ္ဘာဦး လူသားပထမဆုံးဖြစ်တာပေါ့။ ဒါဆိုအမေဆိုတဲ့ မိခင်က ထာဝရကျေးဇူးရှင်ပဲပေါ့။

အမေက သားသမီးတွေရဲ့ ကောင်းကင်ပါနော်။ အမေက မိုးမလင်းကတည်းက သားသမီးအ ရေး၊ မြေးတို့အရေး၊ ဟိုအရေး၊ ဒီအရေးတွေနဲ့ မျက်စိနှစ်လုံး ပွင့်ခဲ့ တာပါ။ အိပ်တော့လည်း သားသမီး တွေ၊ မြေးတွေအိပ်မှ သန်းခေါင်ယံ ကြက်တွန်သံကြားမှ မျက်စိနှစ်လုံး ခေတ္တခဏပိတ်ရတာပါ။ အမေ အသက် အရွယ်ကြီးလို့လည်း မနားရ ပါဘူးနော်။ ဒီကြားထဲ အလိုက်မသိ တဲ့ သားသမီး နဲ့ သမက်၊ ချွေးမတွေ က အမေ့ကို အပြစ်မြင်၊ အထင် သေးစကားတွေ ပြောကြသေးတယ်။ အမေခံစားချက် အရာအားလုံးကို မျိုသိပ်ထားရှာ တယ်။ အမေ့မှာ ပါးစပ်ပါတယ်၊ နှလုံးသားရှိတယ်။ ပြန်ပြောလို့ရပါ ရက်နဲ့ အမေသား သမီးတွေ စိတ်ဆင်း ရဲမှာစိုးလို့ ခွန်း တုံ့မပြန်ခဲ့ဘူး။ မျက်ရည်ကျချင်ရင် တောင် ကွယ်ရာမှာပဲကျတယ်။ အမေထမင်း တစ်လုတ်ကောင်း ကောင်း မစားနိုင်ဘူး။ သားသမီးတွေ ဝဝလင်လင်ရှိနေရင်ပဲ အမေကျေနပ် နေတာပါပဲ။ သားဆိုးသမီးဆိုးရ တဲ့အမေဆိုရင်ဆိုးတဲ့ သားသမီးကို ပိုချစ်ရှာတယ်။ သားက အရက်ည တိုင်းမူးလာပါစေ။ အမေ့ရင်ခွင်ထဲ ပြန်ရောက်လာရင် အမေ အန်ဖတ်ပဲ ကျုံးရကျုံးရ အမေကျေနပ်နေတာပါ။ အမေ့ကို အပြစ်မမြင်ကြပါနဲ့။ အမေ့ ကိုပြောတဲ့စကား နည်းနည်းလေးမှ လေသံမမာမိပါစေနဲ့။ အမေ့ကို ဘာအကြောင်းနဲ့မှ စိတ်မထိခိုက်ပါ စေနဲ့။ အရှက်မရပါစေနဲ့။ အမေ့ပုံရိပ် ကို နှလုံးသားထဲမှာ စွဲမြဲထင်ဟပ်ထား ကြပါ။ ဒါအမေ့ကို ကျေးဇူးဆပ်ခြင်း တွေပါ။ အမေ့ မေတ္တာဘယ်မှာရှာ လို့ရမလဲ၊ အမေ့လိုလူသားဘာနဲ့ အစားထိုးလို့ရမှာလဲ။ အမေက သား သမီးတွေရဲ့ ထီးတစ်ချောင်းပါ။ ဘာ အတွက် အမေ့ကို ခံပြောနေကြတာ လဲ။ ဘာလို့ ကိုယ်ဝတ်တဲ့ ထဘီလျှော် ခိုင်းရတာလဲ။ သက်ကြီးရွယ်အို၊ အိုကြီးအိုမနဲ့ အမေ မနက်စောစော ဈေးသွားဝယ်ရတယ်။ ရုံးချိန်၊ အလုပ် ချိန်အမီ ချက်ပေးရတယ်။ ဘဝမှာ အဆင်သင့်ရှိနေပါလျက် အမေ့ကို ဘာလို့ အကောင်းမမြင်တာလဲ။ ဘာလို့ အကောင်းမပြောနိုင်တာလဲ။

ကိုယ်ရှာတဲ့ငွေကြေးက အမေ ထက် တန်ဖိုးရှိနေလို့လား။ ဆင်းရဲလို့ အမေ့ကို လူတောမတိုးစေချင်တာ လား။ အဲဒါကို အရှက်လို့ခေါ်သလား။ အဲဒီအတွက် အပယ်ငရဲကိုရော မကြောက်ဘူးလား။ စဉ်းစားကြည့်ပါ။ အမေဆိုတဲ့ လူသား၊ ဗုဒ္ဓမြတ်စွာဘုရား၊ တမန် တော်၊ ခရစ်တော်၊ အဂ္ဂသာဝက၊ မဟာသာဝကတွေကို မယ်တော် ဆိုတဲ့အမေက မွေးဖွားတာနော်။ အမေ့ဝမ်းကြာတိုက်က မြင့်မြတ်တဲ့ ဂုဏ်တော်တွေ၊ ပြည့်စုံတဲ့သားတော် တွေကို သန့်စင်မွေးဖွားတာဆိုရင် ကျွန်တော်တို့ လူသားတွေ အမေကို ဘယ်လိုကျေးဇူးတွေ ဆပ်ကြမှာလဲ။ အမေဟာ သာသနာ့အမေ၊ ကမ္ဘာ အမေပါ။ မြတ်စွာဘုရားပင်လျှင် မယ်တော်ကို ကျေးဇူးဆပ်ဖို့ ခြေလျင်ြ<ွကမယ်ဆိုတာနဲ့ သက်မဲ့မြင်းမိုရ် တောင်က ဘုရားရဲ့ ခြေဖဝါးအောက် ကို ငုံ့လျှိုးပေးလိုက်ပြီး ခြေဖဝါးတော် ကို မြှင့်တင်ပေးလိုက်တာ တာဝတိံ သာ တံခါးဝကို ရောက်သွားသတဲ့။ ယူဇနာ ၆ဝ၊ မိုင်ပေါင်း ၄၈ဝ ဝေးတဲ့ နေရာကို သုံးဖဝါးနဲ့ ခြေလှမ်း နှစ် လှမ်းသာ လှမ်းလိုက်ရတယ်။ မြတ်စွာ ဘုရားသော်မှ မယ်တော်ကို ကျေးဇူး ဆပ်နေရင် လူသားတွေ၊ လူသား အပေါင်း၊ အမေ့ကို ကျေးဇူး ဆပ်ဖို့ ဘာအတွက် နှေးနေရတာလဲ။ တွေ ဝေနေရတာလဲ။

အမေရှိခြင်း၊ မရှိခြင်း သိပ်ကွာ တယ်နော်။ အမေဟာ ကောင်းကင်၊ အရိပ်ဆိုရင် အမေမရှိတဲ့အခါ အရိပ် မဲ့သွားပြီပေါ့။ အိမ်ပြန်လာရင် အမေ လို့ခေါ်ခွင့်ရတာတွေ အမေမရှိတဲ့ အခါ ခေါ်ခွင့်တမ်းတခွင့်တွေ မရ တော့ဘူးနော်။ သားကအမေ့ကို သိပ်ချစ်တာ။ အမေ့ကျန်းမာရေး ကို ဂရုစိုက်တာ။ အမေစား ချင်တာဝယ် ကျွေးတာတွေနဲ့ ကုသိုလ်တွေ ရမှာလား။ မထင်ပါဘူး။ မမျှော်လင့် ပါဘူး။ ကျွန်တော်အမေ့ကို ဂရုစိုက်တာတွေက အမေ့သားကို မွေးဖို့ ဝမ်းနာသလောက်တောင် မရှိပါဘူး။ ဒါဆိုအမေ့ကျေး ဇူးတွေ ကုန်ဖို့ နေနေသာသာ အမေ့နို့ဖိုးလေး တစ်စက် တောင် ကျေပါ့မလား မသိဘူး နော်။ တချို့သားသမီးတွေ ကားတဝီဝီနဲ့ ကားကြီး ကား ငယ် အသွယ်သွယ်နဲ့ပျော် နေပါးနေ လိုက်ကြတာ၊ မိုးမမြင်လေ မမြင်ပဲ။ တစ်နှစ်မှတစ်ခါ အမေ့ဆီ အပြေး ရောက်လာပြီး မအားလို့ပါ အမေ။ အားရက်နားရက်ကို မရှိ တာပါ။ ခုတောင်ကန် တော့ပြီးတာနဲ့ ပြေးရဦးမယ် ဆိုပါလား။ အမေဘာ ပြန်ပြောရမလဲ။ အမေပြုံးပြုံးလေးနဲ့ မေတ္တာဆုတောင်းတွေပေးနေ လိုက် တယ်။ ဆရာကြီးဘဘဦးသုခစကား နဲ့ပြောရရင် အမေကိုကျေးဇူးဆပ်ဖို့ မအားလို့ပါဆိုတဲ့သူတွေ မှတ်ထားပါ။ မင်းတို့အားတဲ့နေ့ဟာ သေတဲ့နေ့။ ဒါမှမဟုတ် အမေကံကုန်တဲ့နေ့၊ အမေလို့ခေါ်ခွင့်မရတော့တဲ့နေ့ပဲ ဖြစ်မယ်။

အော်… ကားတဝီဝီနဲ့ လူသားတွေ အမေကို ဘုရားတစ် ခေါက်၊ ကျောင်းတစ်ခေါက် မပို့လိုက် ရဘူးနော်။ လှည်းမရှိ၊ နွားမရှိတဲ့ သားက အမေကိုချီပိုးပြီး ကျောင်း တစ်ခေါက်ပို့ခဲ့ပြီးပြီ။ အမေသီလယူ ရုံနဲ့ ကျေးဇူးတွေဆပ်တာ ပိုပြီး မြတ်တယ်နော်လို့ ဆရာကြီးဦးသုခ ပြောသွားဖူးတယ်။ပြာသိုလပြည့်အမေနေ့ပါ။ အမေနေ့ဟာ တစ်နှစ်မှတစ်ခါဆိုရင် ခွင့်လွှတ်ပါအမေ။ ကမ္ဘာကြီး တည် နေသရွေ့ အမေရှိနေမှာပါ။ ကမ္ဘာ့ ရက်စွဲအားလုံးဟာ အမေနေ့ပါပဲ။ အမေကို ကျေးဇူးဆပ်ဖို့ရာ ငွေရှိမှ၊ ပေးနိုင်မှ ကျွေးနိုင်မှ မဟုတ်ပါ ဘူး။ အမေကို စိတ်ချမ်းသာအောင်၊ ပျော် အောင်၊ ကြည်နူးအောင် ထားနိုင်ရင် ပဲ အမေက ကျေနပ် နေတာပါ။ အမေ့စကားနားဝယ် ထားရုံနဲ့ အမေပီတိဖြစ်နေတာပါ။အမေဆို တာကို အစားထိုးလို့ မရဘူးလို့ သိ လိုက်နားလည်လိုက်တဲ့ နေ့ဟာ အလွန်နောက်ကျသွားပါပြီ။ နောင် တဆိုတာလည်း မရှိသင့်ဘူး။ အမေ အားလုံး ကျန်းမာချမ်းသာကြပါစေ။

ဒါရိုက်တာမောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here