နာမည်ကျော် များစွာနဲ့ ရိုက်ကူးမယ့် ယောက်ျားဆို … လာထား

0
128

Man-Soe-Lar-Htar-5ရွှေပင်ဆင့် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူးပြီး ဇာတ်လမ်း ဒီရေလှိုင်း၊ ဇာတ်ညွှန်း မြေထက်လူ၊ ဒါရိုက်တာ မောင်မောင် မြင့်လွင် ရိုက်ကူးမယ့် “ယောက်ျားဆို …လာထား” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို ဇန်နဝါရီလ ၁ဝရက် နေ့၊ မနက် ၁ဝနာရီ အချိန်က M3 စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား မှာ ခန့်စည်သူ၊ ရာဇာနေဝင်း ၊ ကျော်ကျော်ဗို၊ နေရဲ၊ ဗေလုဝ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ တက္က သိုလ် ဂွမ်းပုံနဲ့ ဟာသသရုပ်ဆောင် များစွာ ပါဝင် ရိုက်ကူးသွား မှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင် ဇာတ်ကားနဲ့ ပတ် သက်ပြီးတော့ ဒါရိုက်တာ မောင် မောင်မြင့်လွင်က “ဒီဇာတ်ကားကို ပိုက်ဆံ ချမ်းသာပြီး အသက် ၂ဝကျော်၊ ၃ဝရှိတဲ့ အချိန်မှာ စီးပွားရေးမှာ နစ်မျောပြီး ယောက်ျားယူဖို့ အခက် အခဲရှိတဲ့ အကြောင်းလေးတွေကို ဟာသ ဇာတ် ကားလေး အဖြစ် ရိုက်ကူး သွားမှာပါ။ ပြီးတော့ အခုခေတ် ဖြစ် ပျက်နေတဲ့ facebook သုံးပြီး အလိမ်အညာ မခံရအောင် ဒီကာ ရိုက်တာလေးတွေကို မိန်းကလေး တွေအတွက် ဖော်ကျူးကာ ရိုက်ကူး သွားမှာပါ” လို့ ပြောပါတယ်။

“ယောက်ျားဆို .. လာထား” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁ရက်နေ့မှာ ရန်ကုန်မြို့ပေါ်မှာပဲ ရိုက် ကူးသွား မှာဖြစ်ကြောင်း သိရ ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here