သဘင်စင်မြင့်ထက်တွင် သရုပ်ပျက် ဖျော်ဖြေမှုများ တွေ့ရှိပါက ပရိသတ်များအနေဖြင့် နီးစပ်ရာ သဘင်အစည်းအရုံးသို့ တိုင်ကြားနိုင်

0
103

nan win 1

မြန်မာ့သဘင်စင်မြင့်နှင့် သဘင်ဖျော်ဖြေရေးတို့တွင် သဘင်အနုပညာရှင်များ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသော ဧည့်သည်အနုပညာရှင်များသည်လည်း ကောင်း သဘင်အနုပညာနှင့် ဆန့်ကျင်သည့် လွန်ကဲစွာ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ၊ သရုပ်ပျက် ကခုန်သီဆိုပြောဆိုမှုများအား ပြုလုပ်ဆောင်ရွက်ခြင်း၊ အမြင် မတင့်တယ်သည့် ပုံများအား ပိုစတာ၊ ဗီနိုင်းများတွင် ကြော်ငြာခြင်း၊ှသခငေူ နြိငေ များတွင် ကြော်ငြာ ခြင်းများ (လုံးဝ) မပြုလုပ်ပါရန် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ တားမြစ်လိုက်သည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်သည်ကို သိရှိပေါ်ပေါက်ပါက သက်ဆိုင်သူများအား သဘင့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျော်ဖြေ သူ ကာယကံရှင်အားလည်း သဘင်စင်မြင့်ထက်တွင် ဖျော်ဖြေခွင့်ကိုပါ တားဆီးကန့်ကွက် သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပရိသတ်များအနေဖြင့်လည်း သဘင်စင်မြင့် ထက်တွင် သရုပ်ပျက်ဖျော်ဖြေမှုများတွေ့ရှိပါက နီးစပ်ရာ သဘင်အစည်းအရုံးသို့ လည်းကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို) သို့ လည်း ကောင်း သတင်းပေးပို့ တိုင်ကြားပေးကြပါရန်မေတ္တာရပ်ခံအပ်ပါကြောင်း မြန်မာ နိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ် ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အနေ နှင့် ၂ဝ၁၆ ခုနှစ် အတွင်းတွင်လည်း သဘင်၏ သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်စေသော အပြုအမူများ၊ ရိုးရာဝတ်စုံကိုဝတ်ဆင်ပြီး တင်ဆက်ကပြရာတွင် ပရိသတ်ပျော်ရွှင် အောင် ဖျော်ဖြေသည်ဆိုသော်ငြား အများပြည်သူ အမြင်မသင့်တော်သော တင် ဆက်မှုမျိုးကို နောင်တွင် ရှောင်ရှားသွားနိုင်ရန် သတိပေးခြင်း စသည့်ထုတ်ပြန်ချက် များကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် သဘင်နှင့်ဆက်နွှယ်သော၊ သဘင်အငွေ့အသက်ပါဝင်သော ဖျော် ဖြေတင်ဆက်မှုများ ပြုလုပ်ကျင်းပလိုပါက မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်း အရုံးသို့ဖြစ်စေ၊ သဘင်နှင့်ပတ်သက်ပြီး တတ်ကျွမ်းနားလည်သော ပညာရှင်များအား ဖြစ်စေ တိုင်ပင်ပါရန်၊ အကူအညီတောင်းခံပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ကြောင်း၊ ထိုကဲ့သို့ တိုင်ပင်ခြင်း၊ အကူအညီတောင်းခြင်းအလျဉ်းမရှိဘဲ စီစဉ်ဆောင်ရွက်ပြီးမှ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စီစဉ်သူ၊ ဆောင်ရွက်သူများ၏ တာဝန် သာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးအနေဖြင့်လည်း သဘင့် ကျင့်ဝတ်၊ သဘင့်စည်းမျဉ်း စည်းကမ်းများ နှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ် ပြန်ခဲ့သည်။ အဆိုပါကြေညာချက် ထုတ်ပြန်ရခြင်းမှာ ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက် နေ့က ရုပ်သံတစ်ခုတွင် ပြသခဲ့သော အငြိမ့်ပြိုင်ပွဲတစ်ခုတွင် လူရွှင်တော်အဖွဲ့ တစ်ဖွဲ့မှ သာသနာတော်ကို ထိခိုက်ညှိုးနွမ်းစေသည့် ပြက်လုံးများ ပြုလုပ်သွားခြင်း နှင့် စပ်လျဉ်းပြီး သဘင်အစည်းအရုံး (ဗဟို) မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here