အမှန်တရား ပေါ်လာဖို့အတွက် မျှော်လင့် နေပါတယ် အကယ်ဒမီ ဝတ်မှုံရွှေရည်

0
212

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;border-top: 0px default ;border-left: 0px default ;border-right: 0px default ;border-bottom: 0px default ;padding-top: 0px;padding-left: 0px;padding-right: 0px;padding-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;border-top: 0px default ;border-left: 0px default ;border-right: 0px default ;border-bottom: 0px default ;padding-top: 0px;padding-left: 0px;padding-right: 0px;padding-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

အကယ်ဒမီ ဝတ်မှုံရွှေရည်က Cele Cele Small Page  ကို တရား စွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ပေါ်ပြူလာ ဂျာနယ်မှ ဇန်နဝါရီလ ၂ဝ ရက်နေ့ မှာ အခုလို သွားရောက် တွေ့ဆုံမေးမြန်းခဲ့မှု များကို ဖော်ပြပေးလိုက်ပါတယ်။

မေး- အခု လက်ရှိမှာ ကစ် အနေနဲ့ Cele Cele Small Page ကို တရား စွဲဆိုထားတယ်လို့ သိရပါတယ်။ ဒီ Page ကို ဘာလို့ တရား စွဲဖြစ်တာလဲ။ ဒီ Page ကို တရားစွဲတာလား။ မျိုး ကိုကိုစန်းကို တရားစွဲတာလားဆို တာကို ပြောပြပေးပါဦး။

ဖြေ- အခု ကစ်ပြောချင် တာကတော့ အားလုံးက ထင်တာက မျိုးကိုကို စန်းကို တရားစွဲတာ လို့ထင်တာပါ။ အမှန်တော့ ကစ်က Cele Cele Small Page  ဆိုတာ ဘယ်သူလဲဆိုတာ သိချင်တဲ့ အတွက်ကြောင့် အကူအညီ တောင်းပြီးတော့ ဒါဘယ်သူလဲ ဆိုတာ ဖော်ထုတ်ပေးပါ လို့ ပြောခဲ့တာပါ။ ကစ်ပြောရခြင်း အကြောင်းကလည်း ဒီလိုပါ။ ကစ် အနေနဲ့က အနုပညာ သမားဖြစ် တယ်။ ကောလာ ဟလတွေ ပြောဆို ခံရမယ်။ လူတွေပြောတာ လည်း ခံရမယ် ဆိုတာ ကစ် နားလည် ပါတယ်။ ဒါက အနုပညာသမားတိုင်း ကြုံရမယ့် ကိစ္စပါ။ ဒါပေမဲ့ အခု ဟာကကျတော့ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော တကယ်ကို ရည် ရွယ်ချက်ကြီး နဲ့ ကိုယ့်ကိုစော် ကားလာတယ်။ ထိခိုက်လာ တယ်။ မဟုတ်တာတွေလည်း ပါလာတဲ့ အတွက်ကြောင့် ဒါကို ဘယ်သူလုပ် တာလဲ ဆိုတာ သိချင်တယ်။ နောက် တစ်ခုက ကစ် အနေနဲ့ ဒီ Page က ရေးထားတာတွေကို ကစ် တစ်ယောက် တည်းအတွက် ဂရုမစိုက်ချင်လည်း ရ တယ် ဆိုပေမယ့် ကစ်မှာ ထိခိုက်နစ်နာ သွားတာတွေ အများကြီး ရှိပါတယ် ရှင်။ ဘာတွေလဲ ဆိုတော့ ကစ်မှာ အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင် ရှိ တယ်။ ကစ် နေထိုင်နေရတဲ့ အသိုင်း အဝိုင်းရှိတယ်။ ပတ်ဝန်းကျင် ရှိတယ်။ ယုတ်စွအဆုံး ဖေ့ဘုတ်ကနေ ဒီသတင်းတွေကို ဖတ်နေတဲ့ ကစ် အကြောင်း မသိတဲ့ သူတွေက ဒါတွေကို အဟုတ် အမှန်ထင် သွားနိုင် တယ်။ ကစ်ဆိုတာ Public နဲ့ အလုပ်လုပ်နေတာပါ။ Public နဲ့ အလုပ်လုပ်နေရတဲ့ အတွက် ကြောင့် ဒီလိုမျိုး အထင်အမြင် လွဲသွားတာ တွေက ကစ်မှာလည်း ထိခိုက် နစ်နာ စရာတွေ အများကြီး ရှိပါတယ်။ ကစ် မှာလည်း ကစ် ရဲ့ Personal Right ရှိပါတယ်။ ဒီ Cele Cele Small Page က အတင်းပြောတာ မဟုတ်ပါဘူး။ ထိခိုက် စော်ကားတာမျိုးတွေ ဖြစ်နေ ပါတယ်။ ပြောတာကလည်း ရည်ရွယ် ချက်ကြီးနဲ့ လုပ်နေတဲ့ပုံ ပေါက်တာ ပေါ့နော်။ မဟုတ်တာတွေ လည်း အများကြီးပါတယ်။ ဒီလူသည် ကစ်ကို စော်ကားနေတယ်။ ရည်ရွယ် ချက် ကြီးနဲ့ တိုက်ခိုက်နေတယ်။ ကစ်အနေ နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေ နဲ့ ကစ်ရဲ့ မိဘတွေကလည်း ကစ်ဘက် ကနေ ကာကွယ်ပေးတဲ့ အနေနဲ့ ဒီဟာ ကို ဖော်ထုတ်ပေးပါ။ ကူညီပေးပါ ဆိုပြီး အကူအညီ တောင်းခဲ့တာပါ။

WutHmone-Sarမေး- Cele Cele Small Page  ကို ဘယ်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာ ပါလဲ။

ဖြေ- ဇန်နဝါရီလ ၁၅ ရက်နေ့ကပါ။

မေး- မျိုးကိုကိုစန်းကို လေဆိပ် မှာရဲတွေက သွားဖမ်းတယ် လို့ကြား တယ်။ ကစ်အနေနဲ့ တိုင်ကြားခဲ့လို့ လား။ ဘယ်လိုကြောင့် လဲ ဆို တာပြောပြပေးပါဦး။

ဖြေ- ခုနက ကစ်ပြောသလိုပေါ့။ ကစ် အနေနဲ့ အကူအညီ တောင်းတာက Cele Cele Small Page  ကဘယ် သူလဲ ဒီဟာက ကစ်ကို ထိခိုက်စော် ကားလာတဲ့ အတွက် Cele Cele Small ကိုဖမ်းပေးဖို့ပဲ အကူအညီ တောင်းတာ။ အခုသူတို့ သွားပြီးဖမ်း တာ ဖြူသလား၊ မည်းသလား ကစ် မသိပါဘူး။ ကစ် အနေနဲ့ သိခွင့်လည်း မရှိဘူး။ ကစ် သိသွားတာ ဒီဖေ့စ်ဘုတ် ပေါ်မှာ ပြန့်မှ မျိုးကိုကိုစန်း ဖြစ်နေ တယ် ဆိုတာ ကစ်သိတာပါရှင့်။ ကစ် ပြောချင်တာက ကစ်က မျိုးကိုကိုစန်း ကို တိုင်တာ မဟုတ်ပါဘူး။ မျိုးကိုကို စန်း မှန်းလည်းမသိဘူး။ ကစ်က Cele Cele Small Page  ရဲ့ Admin ကိုပဲ ဖော်ထုတ်ပေးပါလို့ တိုင်ကြား ခြင်းဖြစ်ပါတယ်။ ပြီးတော့လည်း ရဲတွေက ဘယ်သူ့ကို ဖမ်းတယ်။ ဘယ်ဝါ့ကိုဖမ်းတယ် ဆိုတာက ကစ် အလုပ်မဟုတ်ဘူး။ ဒါကသူတို့ အလုပ်အရ လုပ်သွားတာပေါ့။ သူတို့ က သံသယ ရှိတဲ့လူပဲ ဖြစ်ဖြစ် ဘယ်သူ ပဲဖြစ်ဖြစ် သူတို့ ဝတ္တရားအရ ခေါ်စစ် တာလည်း ဖြစ်နိုင်ပါတယ်။ တာဝန်ရှိ တဲ့လူတွေ နဲ့ပတ်သက်တဲ့ ကိစ္စတွေကျ တော့ ကစ်အနေနဲ့ ပြောတာထက် စာရင် ရဲစခန်းကို သွားပြီးတော့ အင် တာဗျူး ပဲဖြစ်ဖြစ် သိချင်တာတွေ မေး စေချင်တယ်။ ဒါတွေကစ် မသိဘူး။ ကစ် သိရသလောက်ကလည်း လူတွေ သိရသလောက်ပဲ သိတာပါ။ တကယ် တမ်း မျိုးကိုကိုစန်း ကို သူတို့ လေဆိပ် က ခေါ်သွားတယ် ဆိုတာလည်း ဖေ့စ် ဘုတ်မှာ တက်လာတော့မှ သြော်.. သူဖြစ်နေတယ်လို့ ကစ်သိတာ။ သူဖြစ်နေတယ် ဆိုတော့ ဟယ်..သူဖြစ်နေတယ်။  ဒါပေမဲ့ ကစ် ဘာမှ လုပ်လို့ မရဘူးလေ။ ကစ်ကတိုင်ထား တာ Cele Cele Small  ကိုတိုင်ထား တာ သူတို့ ခေါ်သွားတာ မျိုးကိုကိုစန်း ကို ခေါ်သွားတာ ဖြစ်နေတယ်။ တကယ်လို့ ကစ်တိုင်တဲ့ သူက ကစ် အမျိုးပဲဖြစ်ဖြစ် ကစ်သူငယ်ချင်း ပဲဖြစ်ဖြစ် ဖြစ်နေရင်တောင် သူ့ကို ကျွန်မ တရား မစွဲတော့ပါဘူး။ အမှု မဖွင့်တော့ပါဘူး ဆိုပြီး ပြန်ရုပ်သိမ်းလို့ လည်း မရပါဘူးရှင်။ ဒါကိုလည်း သိ စေချင်ပါတယ်။ အခုက အထင်မှား နေတာလည်း မြင်နေရတယ်။

မေး- မျိုးကိုကိုစန်းကို ရဲတွေစစ် ဆေးပြီးတဲ့ အခါမှာ သူဟာ Cele Cele Small Admin  မဟုတ်ဘူး ဆိုပြီး သူ့ကို ရဲစခန်းက လွှတ်ပေး ခဲ့တယ်။ ကစ်အနေနဲ့ Cele Cele Small Page  ရဲ့ Admin ကို ထပ်ရှာ သွားဖို့ ရှိမလား။ ဘယ်လို ဆက်လုပ် သွားဖို့ ရှိမလဲ။

ဖြေ- ကစ်က Cele Cele Small Admin  ကိုသိချင်တယ်။ ဘာလို့ဖော် ထုတ်စေချင်တာလဲ ဆိုတော့ ခုနက ပြောသလိုပေါ့ ကစ်ကို ပြော ကြမယ် ဆိုတာ သိတယ်။ လိုတဲ့လူလည်း ရှိမယ်။ မလိုတဲ့ လူလည်းရှိမယ်။ ထိ ခိုက် နစ်နာအောင် ဆဲဆိုတဲ့လူလည်း ရှိမှာပဲ။ ဒါကိုကစ် အနေနဲ့ ခံနိုင်ရည် ရှိရမယ်။ မင်းသမီး တစ်ယောက် အနေနဲ့ ခံရမယ် ဆိုတာ သိပါတယ်။ ဒါတွေ အတွက်လည်း ဂရုမစိုက်ပါ ဘူး။ စိတ်တော့ မကောင်းဘူးပေါ့။ သူ့ရဲ့လုပ်ရပ်ကို မကြိုက်တာ။ ကစ် တစ်ယောက်တည်း မှမဟုတ်ဘူး တခြား အနုပညာသမားတွေ အတွက် ဟုတ်တာတွေရော မဟုတ်တာတွေ ရောပြောတယ်။ ဥပမာ ကစ် ဆိုရင် အနုပညာ အလုပ်ကို လုပ်တာ ၁ဝနှစ် ကျော်ပါပြီ။ အနုပညာ လမ်းကြောင်း ပေါ်မှာ သမ္မာအာဇီဝ ကျကျနဲ့ မိဘကို လုပ်ကျွေးနေသူပါ။ အဲဒီလိုလူကို သူက ချူစားတာတွေရော၊ မျိုးစုံပဲ ပြော တယ်။ နောက် ပြီး မိဘနဲ့ပတ် သက်ပြီး မဟုတ်တာတွေလည်းပါ တယ်။ ဒီလုပ်ရပ်တွေကို လက်ခံနေတဲ့ သူတွေလည်း ရှိတယ်။ ဒါမျိုးတွေ က မဖြစ်သင့်ဘူး။ မရှိသင့်ဘူးဆိုတဲ့ ဆန္ဒ လည်းပါတယ်။ သူ့ရည်ရွယ်ချက်ကို မကြိုက်လို့ အကူအညီ တောင်းခြင်း ဖြစ်ပါတယ်။ ကစ်လိုမျိုးပဲ မိဘတွေကို ရိုးရိုးသားသား နဲ့ လုပ်ကျွေးနေတဲ့ အနုပညာရှင် တွေလည်းရှိမှာပဲ။ တခြား သူတွေလည်း မဟုတ်တာတွေ ပြောခံနေ ရ တာတွေ ရှိမှာပဲ။ ဒါကစ် တစ်ယောက်တည်း အတွက် မဟုတ် ပါဘူး။ အားလုံး အတွက်လည်းပါ ပါတယ်။ ဆက်ပြီးတော့ ဖော်ထုတ် သွားမလား ဆိုတာတော့ တာဝန်ရှိတဲ့ သူတွေ၊ သက်ဆိုင်ရာက ပဲဆောင် ရွက်သွားမှာပေါ့။

မေး- ကစ်ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေ အတွက်ရော ဘာများပြော ချင်တာ ရှိမလဲ မသိဘူး။

ဖြေ- ကစ်ကို စိတ်မပူပါနဲ့။ ကစ်ဘာ မှမဟုတ်တာ လုပ်ထားတာ မဟုတ် ပါဘူး။ ကစ်မဟုတ်တာ မလုပ်ထားတဲ့ အတွက် ကစ် အတွက် ဘာမှ မစိုးရိမ် ပါနဲ့။ ကစ်လည်း အခု ဘာမှမဖြစ် နေပါဘူး။ အမှန်တရား ဆိုတာ တစ် နေ့ပေါ်လာမှာပါ။ အဲဒီအမှန် တရား ပေါ်လာ ဖို့ အတွက် ကစ်ကိုယ်တိုင် လည်း မျှော်လင့်နေပါတယ်။
‘ ‘ ‘

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here