ဆန်းသစ်မှုများ ထည့်သွင်းထားသည့် ဘားကမ့် ရန်ကုန် ယခုလ အတွင်း ကျင်းပမည်

0
252

ရှစ်ကြိမ်မြောက် Barcamp Yangon (ဘားကမ့်ရန်ကုန်)ကို ဇန်နဝါရီလ ၂၈ ရက်နေ့ နှင့် ၂၉ ရက် နေ့များတွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး White Room  ဟု အမည်ရသော သတင်း အချက်အလက် အသိပညာ ပေးသည့် နေရာတစ်ခု စီစဉ် ထားမည် ဖြစ်ကြောင်း သိရသည်။နှစ်စဉ် ကျင်း ပမြဲဖြစ်သည့် ဘားကမ့်ရန်ကုန်တွင် အမြဲတစေ ဆန်းသစ်မှုများကို ထည့် သွင်းပြု လုပ်သွားပြီး လူငယ်များ အတွက် အကျိုးများစွာ ရှိပြီး စဉ်ဆက် မပြတ် တက်ရောက် လေ့လာသူများ အား အကျိုးကျေးဇူး ပိုမိုဖြစ်စေ သည့် အတွက် လူငယ်များ အချင်းချင်း နှီးနှောဖလှယ်မှု၊ အသိပညာ မျှဝေမှု များ အများဆုံးသော Barcamp တစ်ခုအဖြစ် ယနေ့အချိန်အထိ စံချိန်တင်ထားနိုင်ခဲ့ကြောင်း သိရသည်။

Barcamp Yangon Organizer Team Leader ဖြစ်သူ ကိုမင်းဦးက ရှစ်ကြိမ်မြောက် ကျင်း ပမည့် ဘားကမ့် ရန်ကုန်အတွက် More Experience ဆိုသည့် Theme ဖြင့် ပြုလုပ် သွားမည်ဖြစ် ကြောင်း၊ ၄င်းကဲ့သို့ ပေးထားရခြင်းမှာ လည်း ဘားကမ့် ရန်ကုန်သို့ တက် ရောက် ပြီး အတွေ့အကြုံ များ ပိုမိုမျှ ဝေစေနိုင်ရန်နှင့် ပိုမို ရရှိစေလိုရန် အတွက် ဖြစ်သည်ဟု မှတ်ချက်ပြု သည်။

ကိုမင်းဦးက “Barcamp Yangon ဟာ နည်းပညာတစ်ခု တည်းအတွက် ရည်ရွယ်ကျင်းပခြင်း မဟုတ်ပါဘူး။ မည်သူမဆို Topic Board တွင် မိမိပြောကြား လိုတဲ့အ ကြောင်းအရာ ကို ကပ်ပြီး နည်းပညာ၊ ဗဟုသုတ၊ ကဗျာ၊ ပညာရေးဆိုင်ရာ စသည့် မည်သည့် ကဏ္ဍ မဆို ဝေမျှ နိုင်ပါတယ်” ဟု ရှင်းလင်းပြောကြား သည်။

HEZ


LEAVE A REPLY

Please enter your comment!
Please enter your name here