သမ္မတသစ်ဒေါ်နယ် ထရမ့်ဧ။် သမိုင်းဝင် မိန့်ခွန်း ကောက်နုတ်ချက်

0
177

Trumpအိမ်ဖြူတော်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည့်နောက် ဘီလျံနာ သူဌေးကြီး ထရမ့်သည် အမေရိကန်၏ ၄၅ ဦး မြောက် သမ္မတသစ် အဖြစ် တရားဝင် ဆက်ခံခဲ့သည်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲ တွင် အမေရိကန် ၏ ၄၅ဦးမြောက် သမ္မတ သူဌေးကြီး ဒေါ်နယ်ထရမ့်က

“အမေရိကန် နိုင်ငံနဲ့ ကမ္ဘာကြီး အတွက် လာမယ့်နှစ်တွေမှာ ဘယ် လိုရှေ့ကို ချီတက်သွားမယ် ဆိုတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အတူ တကွ ချမှတ်ရပါလိမ့်မယ်။ ကျွန်တော် တို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်၊ အခက်အခဲတွေ နဲ့ ကြုံတွေ့ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ အလုပ်ကို ပြီးအောင် ဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေး သမားတွေ ကြီးပွား တယ်။ ဒါပေမဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားတယ်၊ စက်ရုံတွေ ပိတ်ထားခဲ့ရတယ်။ အာဏာရှိ အသိုင်းအဝိုင်းက သူတို့ကိုယ်သူတို့ ကာကွယ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ကတော့ အကာအကွယ် မရခဲ့ပါဘူး။ သူတို့ရဲ့ အောင်မြင်မှု တွေဟာ ခင်ဗျားတို့ရဲ့ အောင်မြင်မှုတွေ မဟုတ်ခဲ့ပါဘူး။ သူတို့ရဲ့ အောင်ပွဲများဟာ ခင်ဗျား တို့ရဲ့ အောင်ပွဲများ မဖြစ်ခဲ့ပါဘူး။

ဒီနေ့က စပြီးတော့ ကျွန်တော် တို့မြေကို အတွေးအမြင်သစ်က အုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကစပြီးတော့ “အမေရိကန် သည် ပထမ” ဖြစ်လာပါလိမ့်မယ်။ ကုန်သွယ်မှု၊ အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်ရေး၊ နိုင်ငံခြားရေး တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တိုင်းဟာ အမေရိကန် အလုပ်သမားတွေ၊ အမေရိကန် မိသားစုတွေ အတွက်ပဲ ဖြစ်လာပါလိမ့်မယ်” လို့ သူ့ရဲ့ သမိုင်းဝင် မိန့်ခွန်းမှာ ထည့်သွင်းပြော ကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here