သားဖြစ်သူကို ဘာသာတရား နဲ့ ဆုံးမ ပဲ့ပြင်နေတဲ့ တင်မောင် ဆန်းမင်းဝင်း နဲ့ မအေးမမလှိုင်

0
310

Min-SHwe-Ag-Tin-3ကလေးငယ်တွေ ဘာသာ တရားနဲ့ ထိတွေ့ နိုင်ဖို့ဆိုတာ မိဘ တွေရဲ့ သွန်သင်လမ်းပြမှု အပေါ်မှာ အဓိက မူတည်နေပါတယ်။ မိဘ နှစ်ပါး လုပ်တာ လိုက် ကြည့် အတုယူ နေတတ်တဲ့ အရွယ် တွေဖြစ်နေတဲ့ အတွက် အမေနဲ့ အဖေရဲ့ အပြုအမူ၊ အပြော အဆိုတွေက အလွန် အရေးပါ လွန်းလှ ပါတယ်။ ဒီလို အရေးပါမှုကို သိတဲ့ တင်မောင် ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင် တို့က သူတို့ရဲ့သား မင်းရွှေရောင်တင် (ခ) ပူတူးကို ဘာသာရေး နဲ့ ပတ်သက်လို့ လမ်းညွှန် ပြသပေးလေ့ ရှိပါတယ်။ မင်းရွှေ ရောင်တင် ကိုယ်တိုင် ကလည်း အရွယ်နဲ့ မမျှအောင် ဘာသာ တရား ကို လုပ်ဆောင်နေလျက် ရှိတာကို လည်း တွေ့ရပါတယ်။

၂ နှစ်သားမှာ ကိုရင်ဝတ်ချင် တယ် လို့ မိဘနှစ်ပါးကို တောင်းဆို

“သားလေးက ၂ နှစ်ပြည့်တော့ သား ကိုရင် ဝတ်ချင်တယ်လို့ စပြော တယ်။ စကားစပြော တတ်ခါစအချိန် မှာပေါ့။ သားသားကို ကိုရင် ဝတ်ပေး ပါတဲ့။ အစ်မ အနေနဲ့ ၂ နှစ်သားမှာ စပြီးတော့ ကိုရင် ဝတ်ပေးလိုက်တယ်။ နောက်နှစ်ကျ တော့လည်း သားသား မွေးနေ့ရောက် ရင် ကိုရင် ဝတ်ချင် တယ်လို့ ပြောပြန်တယ်။သားသား မွေးနေ့ကျ မွေးနေ့ပွဲ လုပ်ချင်လားလို့ သူ့ကို အစ်မ ကမေးတော့ မွေးနေ့ပွဲ တွေ မလုပ်ချင် ဘူး။ ကိုရင်ပဲဝတ်ချင် တယ်လို့ ပြောတယ်။ ဒါက သူလုပ် ချင်တဲ့ ဘာသာတရားပေါ့” လို့ သား ဖြစ်သူနဲ့ပတ်သက်လို့ မိခင်ဖြစ်သူ မအေးမမလှိုင် က ပြောပြပါတယ်။  မိဘနှစ်ပါး ကလည်း သားဖြစ်သူကို ဘာသာရေး နဲ့ ပတ်သက်လို့ နေ့စဉ် လုပ်ဆောင် ရမယ့် အကြောင်း အရာ တွေကိုလည်း အမြဲ ပြောပြလေ့ရှိပါ တယ်။ ဘာသာတရား အပြင် လူကြီး သူမတွေကို ရိုသေ ကိုင်းရှိုင်းမှုရှိ အောင်လည်း ဆိုဆုံးမလေ့ ရှိတယ်လို့ သိရပြန်ပါတယ်။

Min-Shwe-Ag-Tinကလေးရဲ့ရင်ထဲကို ဘာသာရေး အသိ ထည့်ပေးဖို့ လိုအပ်

“အစ်မ တို့က အဓိက ဘာထည့် ပေးလဲ ဆိုတော့ အသိ ဥာဏ်ပေါ့ ။ နေ့စဉ် ဘုရား ကန်တော့ရမယ်။ ဘုန်းဘုန်း တွေကို ကန်တော့ ရမယ်။ ပြီးတော့ မိဘကို ကန်တော့ရမယ်။ မကန်တော့ရင် ငရဲ သားတွေ ကလည်း ဘာလုပ်မယ် ဆိုပြီး ပြောပြ တယ်။ အစ်မ တို့ ကတော့ အဲ့ဒီ အသိ တရား လေး ကို တောက်လျှောက် ထည့် ပေး ထား တယ်။ အိပ်ခါနီး ဘုရား ရှိခိုး ရမယ်။ အမွှေးတိုင်ထွန်း တာ တွေ ကိုလည်း အစ်မတို့က ပြပေး တယ်။ သားလေး က တစ်ခုရှိတာက တစ်နေရာ ရောက် ပြီဆိုရင် ဘုရား သွားချင်တယ်လို့ အမြဲပြော တယ်။ ပွဲကတဲ့ အခါလည်း ဘုရား ရှိခိုး ပြီးမှ ကတယ်။ နယ်မှာ ဇာတ်ကပြီးလို့ အိမ်ပြန်ရောက်ပြီ ဆိုတာ နဲ့ သူက ဘုရားခန်းထဲ ဝင်ပြီး ဘုရား သွားရှိ ခိုးတယ်။ သူ့မှာ အဲဒီ အကျင့် လေးလည်း ရှိတယ်” လို့ မအေးမမလှိုင် က ပြောပါတယ်။ မိဘနှစ်ပါးလုံးက ဘာသာရေးပိုင်းမှာ မလစ်ဟင်း ရ အောင် ကုသိုလ်ပြုနေ ကြသလို သား ဖြစ်သူကလည်း မိဘနှစ်ပါး မှတစ်ဆင့် ငယ်စဉ် ကတည်းက ဘာသာရေး အခြေခံ ပါလျက်ရှိ နေပါတယ်။

ငယ်စဉ် ကတည်းက ဘာသာတရား အသိကို ထည့်ပေးထားသင့်

“ကလေးတွေကို ငယ်စဉ် ကတည်းက ဘာသာရေးနဲ့ ပတ်သက် လို့ ပြောပြပေးဖို့ အရေးကြီးပါတယ်။  ငယ်ငယ်ကတည်းက ဘာသာတရား ကို လုပ်ပေးထားမှသာ ကလေးရဲ့ အကျင့်စရိုက်တွေ ကအစ ကောင်း မွန်သွားမှာလေ။ ဒါကြောင့် အစ်မက တော့ သားလေးကို အခု အရွယ် က တည်းက ဘုရားရှိခိုးရမယ်၊ ဘုရား စာရွတ်ရမယ်၊ ဘုရား ဝေယျ ဝေစ္စ လုပ်ရမယ်ဆိုတာတွေကို ပြောပြီး လုပ်ခိုင်း ထားတယ်။ နောက်ပြီးတော့ ဘုရား ကို မရှိခိုးရင် ဘယ်လို ဖြစ်တယ်၊ ဘုန်းကြီးတွေကို မရှိခိုးရင် ဘယ်လို ဖြစ်မယ်၊ မိဘကို ပြန်လုပ်ရင် ဘယ်လို ဖြစ်တယ်ဆို တာတွေကိုလည်း ပြောပြ တယ်။ ကလေး တစ်ယောက်က ဆိုး မယ်။ အဲဒီလို ဆိုးတာကို ရိုက်နှက်ပြီး တော့ ဆုံးမနေရင် အဲဒီကလေးက ပြောင်း လဲချင်မှ ပြောင်းလဲတာလေ။ ရိုက်တဲ့ တုတ်ကိုပဲ ကြောက်သွားမှာ လေ။ သူ့ရဲ့ ပင်ကိုစိတ် က ပြင်ချင် မှ ပြင်မှာ လေ။

အဲဒါကြောင့် အစ်မတို့ အနေနဲ့ က ဘာသာရေးအသိ ထည့်ပေးရ တယ်။ သားသား အော်လို့ ရှိရင် ငရဲသားကြီးက ဘယ်လို လုပ်မယ် ဆို တာတွေ ကိုလည်း ပြောပြ တယ်။ ဘာသာတရားနဲ့ ကလေး တွေရဲ့ စိတ်ကို အေးချမ်းအောင် လုပ်ရမယ်။ ငယ်ငယ်ကတည်းက ဘာသာ တရားနဲ့ ကလေးတွေကို ဆုံးမပဲ့ပြင်ပေးနေမှ ဒီကလေးက ကိုယ်ကျင့် တရား ကောင်းနိုင်မယ့် အလားအလာ မှာရှိတယ် လို့ အစ်မ လက်ခံ ယုံကြည်ထားတယ်” လို့ ကလေး တွေကို ဘာသာတရားနဲ့ ပဲ့ပြင်ဆုံးမ ပေးခြင်းက အကောင်းဆုံး ဖြစ်ခြင်းကို မအေးမမလှိုင်က အကြံ ပြု ပြောပြပါ တယ်။ မင်းရွှေရောင်တင် ဟာ အခုဆိုရင် အသက် ၄ နှစ်ပြည့်ပြီ ဖြစ် ပြီး ဖခင်ဖြစ်သူနဲ့ အတူလည်း ဇာတ် သဘင် စင်မြင့်ပေါ်မှာ ကပြ တင်ဆက် လျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here