ပျော်ရွှင်စရာ မိသားစုကမ္ဘာ ကိုစစ်နိုင်၊ သက်မွန်မြင့် ၊သား အားချစ်တို့ မိသားစု

0
341

ThetMonMyintမကြာသေးမီက သမီးလေး မွေးဖွားခဲ့တဲ့ အကယ်ဒမီ သက်မွန်မြင့် က သူတို့မိသားစု လေးယောက် ရိုက်ကူးထားတဲ့ မိသားစု ဓာတ်ပုံလေး ကို သူ့ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေ မြင်တွေ့ရဖို့ အတွက် သူ့ရဲ့ Fan page မှာ တင်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ သမီးလေးက တစ်လ ကျော်ကျော်ပဲ ရှိသေးပြီး နာမည်တော့ မပေးရသေးပါဘူး။  သားဖြစ်သူ အောင်ခေတ် (ခ) အားချစ်ကတော့ ၂ နှစ်ပြည့်တော့ မှာဖြစ်ပါတယ်။ သက်မွန်မြင့်ရဲ့ ကြည်နူးစရာ မိသားစု ဓာတ်ပုံလေးကို မြင်တွေ့ရတဲ့ အတွက် ပရိသတ်တွေ လည်း သဘော ကျ နှစ်သက်ခဲ့ပြီး အပျော်တွေ ကူးစက် ခဲ့ရပါတယ်။ ကလေးတွေကို ချစ်တတ်တဲ့ သက်မွန်မြင့်က Sweet Child ကလေး အသုံးဆောင် ပစ္စည်းဆိုင်ကိုလည်း ဖွင့် လှစ်ထားပါတယ်။

ဓာတ်ပုံ-လင်းထွန်း( Leopard  )


LEAVE A REPLY

Please enter your comment!
Please enter your name here